ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကျင်းပ

2018-09-07 to 2018-09-10

ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းအား ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့ မှ (၇) ရက်နေ့အထိ  ကျင်းပခဲ့သည်။


မြန်မာနိုင်ငံ EITI ၏ စွမ်းဆောင်ရည်ကိုတိုးမြှင့်ပေးရန် ရည်ရွယ်၍ Norad (Oil for Development Programme) ၏ အကူအညီဖြင့် အကြံပေးပညာရှင် Mr. Vidar Ovesen က ဆွေးနွေးပို့ချခဲ့ခြင်းဖြစ်သည်။

အဆိုပါ စွမ်းရည်မြှင့်တင်ခြင်းသင်တန်းသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ မှ ကိုယ်စားလှယ်များ၊ လုပ်ငန်းခွဲကော်မတီဝင်များ၊ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကုမ္ပဏီ များမှ တာဝန်ရှိသူများ၊ အခြားသောလေ့လာသူများ တက်ရောက်ခဲ့သည်။



သင်တန်းတွင် အကြံပေးပညာရှင်မှ ပို့ချမည့်အကြောင်းအရာများအား အကျဉ်းချုပ်မိတ်ဆက်ခဲ့ပြီး  ရေနံနှင့်သဘာဝဓါတ်ငွေ့ဆိုင်ရာ အမေးအဖြေများပြုလုပ်ခြင်းဖြင့် စတင်ခဲ့သည်။ ထို့နောက်  ရေနံကဏ္ဍဘဏ္ဍာရေး စီမံ အုပ်ချုပ်မှုပုံစံ (petroleum fiscal regime design) နှင့်ပတ်သက်သော သဘောသဘာဝများ၊ ရေနံကဏ္ဍဆိုင်ရာ စာချုုပ်အမျိုးအစားများအားသုံးသပ်တင်ပြခြင်း၊  မြန်မာနိုင်ငံ၏ ရေနံကဏ္ဍဘဏ္ဍာရေး စီမံအုပ်ချုပ်မှုပုံစံ တွင်ပါရှိသည့် ဘဏ္ဍာရေးဆိုင်ရာ အသုံးအနှုန်းများနှင့် အားသာချက်၊အာနည်းချက်များနှင့် စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံ EITI ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် အစီရင်ခံစာ များအပေါ် လေ့လာဆန်းစစ်ခြင်းနှင့် EITI ဆိုင်ရာအချက်အလက်များ၏  ဖြန့်ဖြူးမှုအပေါ် နိုင်ငံတကာအတွေ့အကြုံများ၊ လုပ်ထုံးလုပ်နည်းများနှင့် နှိုင်းယှဉ်၍  ဆွေးနွေးပို့ချခဲ့သည်။



သင်တန်းအပြီးတွင် အကြံပေးပညာရှင်မှ ပူးပေါင်းပါဝင်တက်ရောက်ခဲ့သော ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအား သင်တန်းဆင်းလက်မှတ်ပေးခြင်းနှင့် တက်ရောက်လာသူများမှ  ကျေးဇူးတင်စကား  ပြောကြားခြင်းဖြင့် ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းအား ကျင်းပပြီးစီးခဲ့သည်။