လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီအစည်းအဝေး

2018-08-30

မြန်မာနိုင်ငံ EITI လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (MEITI-NCS) ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၏ ရုံးခန်းပြင်ဆင်ရန် လိုအပ်သည့်အသုံးစရိတ်များနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးရန်၊ Pre-Cadaster Working Group Consultant ငှားရမ်းရန်အတွက် လိုအပ်နေသော ဘက်ဂျက်ပမာဏအား EITI လုပ်ငန်းအစီအစဉ်နှင့်ဘက်ဂျက်တွင် ချိန်ညှိရန်၊ Procurement နှင့်ပတ်သက်သောအစီအစဉ်များအား ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

အစည်းအဝေးတွင် ညှိနှိုင်းရေးမှူးရုံးမှ စီမံကိန်းမန်နေဂျာက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီဝင်များနှင့် လေ့လာသူများမှလည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အစီရင်ခံစာများတွင် ပါဝင်ခဲ့သော ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရန်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အစီရင်ခံစာများ ထုတ်ပြန်ခြင်း အခမ်းအနားအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း ကျင်းပရန်နှင့် EITI လုပ်ငန်းအစီအစဉ်များ ဖော်ဆောင်ရန် လိုအပ်နေသော ဘက်ဂျက်အား ဆွေးနွေးညှိနှိုင်းမှုစသည့် ကိစ္စရပ်များအပါအဝင် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်၍ အစည်းအဝေးအား မွန်းလွှဲ (၁၂) နာရီတွင် ရပ်နားခဲ့သည်။