မြန်မာနိုင်ငံရဲ့ပထမ ဆုံးEITI အစီရင်ခံစာ

ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှရရှိတဲ့အခွန်ငွေ ကိုအဓိက ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံရဲ့ပထမ ဆုံးEITI အစီရင်ခံစာ ကမ္ဘာ့ EITI အဖွဲ့ချုပ်သို့ တင်ပြဖို့ရှိ

 မြန်မာနိုင်ငံရဲ့ပထမဆုံး  EITI အစီရင်ခံစာကို လာမယ့် ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး ကမ္ဘာ့ EITI အဖွဲ့ချုပ်သို့တင်ပြသွားမှာဖြစ်တယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း ကပြောကြားခဲ့ပါတယ်။

အဆိုပါ EITI  အစီရင်ခံစာမှာရေနံနှင့်သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းမှ ရရှိတဲ့ အခွန်ဘဏ္ဍာငွေ  ၁၀ဝ ရာခိုင်နှုန်းကိုကိုယ်စားပြုတဲ့  ရေနံနှင့်သဘာဝဓါတ်ငွေ့ကုမဏီ ၁၃ခု၊ ကျောက်မျက်ရတ နာပြပွဲ ရဲ့အခွန်ဘဏ္ဍာငွေ ၆၇ ရာခိုင်နှုန်းကိုယ်စားပြုတဲ့ကျောက်မျက်ကုမဏီ ၃၀ခု အခွန် ၅၀ ရာခိုင်နှုန်း ကိုယ်စားပြုတဲ့ သတ္ထုကုမဏီ ၁၁ ခုတို့ပါဝင်တာဖြစ်ပါတယ်။