မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့မှ ပြည်တွင်း EITI ကဏ္ဍနဲ့ ပတ်သက်ပြီး ဒုတိယနှင့် တတိယအကြိမ် အစီရင်ခံစာများကို ထုတ်ပြန်

MFN

ရန်ကုန်။ ဇွန် ၂၈

သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ထုတ် လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (Extractive Industries Transparency Initiative- EITI) နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ (Myanmar EITI - Multi-Stakeholder Group)မှ ဒုတိယအကြိမ် နှင့် တတိယအကြိမ် အစီရင်ခံစာများကို ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ အစီရင်ခံစာများ ထုတ်ပြန်ပွဲကို ဇွန် ၂၈ ရက်နေ့ (ယနေ့) တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် EITI အစီရင်ခံတွင် (၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်) နှင့် တတိယ အကြိမ် အစီရင်ခံစာတွင် (၂၀၁၅-၁၆ ဘဏ္ဍရေးနှစ်) အဖြစ်ထုတ်ပြန်လိုက်တာဖြစ်ပြီး အစီရင်ခံစာတွေ ထုတ် ပြန်ဖို့ ၃ နှစ်လောက် အချိန်ယူဆောင်ရွက်ခဲ့တာဖြစ်တယ် လို့လည်း သိရပါတယ်။

ယနေ့ ထုတ်ပြန်ခဲ့တဲ့ EITI အစီရင်ခံစာများတွင် နယ်ပယ်လွှမ်းခြုံမှုအဖြစ် ၂၀၁၄-၁၅ ခုနှစ် နှင့် ၂၀၁၅-၁၆ ခုနှစ်တို့ကို လွှမ်းခြုံတဲ့ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍ၊ ကျောက်စိမ်းနှင့် ကျောက်မျက်၊ အခြားသတ္တုများ နှင့် ပုလဲကဏ္ဍတို့ပါဝင်သော အခွန်ဘဏ္ဍဝင်ငွေများပါ ဝင်ခဲ့ပါတယ်။

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် သယံဇာတတူး ဖော်ထုတ်လုပ်ခြင်းမှ ရရှိတဲ့ အခွန်ဘဏ္ဍာငွေ အနက်မှ ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်တဲ့ ကဏ္ဍ အတွက် အခွန်ဘဏ္ဍာငွေ (၁၀ဝ)ရာခိုင်နှုန်း ကိုယ်စား ပြုသော ကုမ္ပဏီ ၃၆ခု နှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ ၄ခု၊ သတ္တုကဏ္ဍအတွက် အခွန် ဘဏ္ဍာငွေ (၇၂)ရာခိုင်နှုန်းကို ကိုယ်စားပြုသော ကုမ္ပဏီ ၂၉ခု နှင့် ကျောက်မျက်ကဏ္ဍအတွက် အခွန်ဘဏ္ဍာငွေ ၅၇ရာခိုင်နှုန်းကို ကိုယ်စားပြုသော ကျောက်မျက်ရတနာ ကုမ္ပဏီ ၇၂ခု တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။

၂၀၁၅-၁၆ ဘဏ္ဍရေးနှစ်တွင် အခွန်ဘဏ္ဍာငွေ (၁၀ဝ)ရာခိုင်နှုန်း ကိုယ်စားပြုသော ရေနံနှင့် သဘာဝ ဓါတ်ငွေ့စမ်းသပ်တူးဖော်ခြင်း နှင့် ထုတ်လုပ်တဲ့ အဆင့် ရှိ ကုမ္ပဏီ ၃၆ခု နှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ ၄ခု၊ သတ္တုကဏ္ဍ အခွန် ဘဏ္ဍာငွေ (၄၀)ရာခိုင်နှုန်းကို ကိုယ်စားပြုသော ကုမ္ပဏီ ၂၈ခု နှင့် ကျောက်မျက်ကဏ္ဍအတွက် အခွန်ဘဏ္ဍာငွေ ၃၂ရာခိုင် နှုန်းကို ကိုယ်စားပြုသော ကျောက်မျက်ရတနာ ကုမ္ပဏီ ၅၁ခု တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက် ရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့စီမံရေးဦးစီးဌာန နှင့် မြန်မာ့ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ သယံဇာတနှင့် သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန လက် အောက်ရှိ သတ္တုတွင်း ဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေး နှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ် (၁) သတ္တု တွင်း လုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပု လဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ သစ် တောဦးစီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ ငွေတိုက် ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနတို့ ပါဝင်ခဲ့ပြီး MEITI ဒုတိယနှင့် တတိယ အကြိမ်အစီရင်ခံစာရဲ့ နောက်ဆက်တွဲ အစီရင်ခံစာများ အဖြစ် ၂၀၁၄-၁၅ ခုနှစ် နှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တို့ကို လွှမ်းခြုံသော သစ်တောကဏ္ဍအစီရင်ခံစာကိုလည်း လာမယ့် ဇူလိုင်လတွင် ထုတ်ပြန်သွားဖို့ရှိလို့ လည်း သိရပါတယ်။

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ အနေနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်များအဖြစ် အထက်ပါ အစီရင်ခံစာများအပြင် ပြည်သူအကြား သယံဇာတ လုပ်ငန်းများရဲ့ အချက်အလက်များ ပိုမိုပျံ့နှံ့ပြီး နားလည်လွယ်ကူစေရန် အနှစ်ချုပ်နှင့် ရုပ်ပြပုံများ ကိုလည်း ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ ပွင့်လင်း သောအချက်အလက်ပေါ်တယ် (Open data portal) ကို ၂၀၁၈ခုနှစ် ဇူလိုင်လတွင် ထုတ်လွှင့်နိုင်စီစဉ်ထားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သတ္တုတူးဖော်ရေးလုပ်ငန်း များ မှတ်ပုံတင်စာရင်း တစ်ခု ယခုနှစ်တွင် အကောင် အထည်ဖော်ရန် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြန်မာနိ်ုင်ငံ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု လုပ်ငန်းစဉ်အကောင်အထည်ဖော်ရာတွင် ပထမအဆင့် ဖြစ်သော ကနဦးစီမံကိန်းကို မိမိဆန္ဒအလျောက်ပါဝင် သော ကုမ္ပဏီများဖြင့် ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ တွင် ကနဦးစီမံကိန်းအစီရင်ခံစာ ထွက်ရှိမယ်လို့လည်း သိရပါတယ်။

သဘာဝသယံဇာတ တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိစေရန် သုံးပွင့်ဆိုင်ညွှန့် ပေါင်းအဖွဲ့၏ အကဲဖြတ်အစီရင်ခံစာများ ယခုကဲ့သို့ နှစ် စဉ်ထုတ်ပြန်သွားမည်ဖြစ်ကာ EITI လုပ်ငန်းစဉ်အတွက် တိကျတဲ့ ဥပဒေတစ်ခု ထုတ်ပြန်နိုင်စေရန် တွန်းအား ပေးလုပ်ဆောင်ခြင်းနှင့် ခိုင်မာတဲ့ လုပ်ငန်းစဥများဖော် ထုတ်ခြင်းဖြင့် ဒီမိုကရေစီအစိုးရ သက်တမ်းကာလ စဉ် ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ရေး မိမိတို့အဖွဲ့ကိုယ်စားလှယ် ကြိုးစားလျှက်ရှိကြောင်း၊ ၂၀၁၈ခုနှစ် ဇူလိုင် ၁ ရက်နေ့က စပြီး ပထမဆုံး အကဲ ဖြတ်ဆန်းစစ်ခြင်း ကို ဖြတ်သန်းရမည်ဖြစ်ကာ EITI အ ကောင်အထည်ဖော်နေသော နိုင်ငံရဲ့ တိုးတက်မှုအခြေ အနေကို တိုင်းတာရန် အာမခံယန္တရားဖြစ်ကြောင်း၊ တနင်္သာရီ နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီးဖြစ်လို့ မကွေး၊ နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်း နှင့် ရခိုင်ပြည်နယ်များ တွင် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ အနေနဲ့ ယခုကဲ့သို့ အစီရင်ခံလို ပထမအကြိမ် အစီရင် ခံစာ (၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်)ကို ၂၀၁၅ ခုနှစ် ဒီဇင် ဘာတွင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသည် ယခင်က အဆင့် ၁၇၂ နေရာတွင် ရပ်တည်နေရာမှာ ၂၀၁၇ခုနှစ် တွင် အဆင့် ၁၃၀ နေရာသို့ တက်လှမ်းနိုင်ခဲ့တယ်လို့ လည်း သိရပါတယ်။