(၁၃) ကြိမ်မြောက် MSG အစည်းအဝေးမှတ်တမ်း

2018-03

ဒုတိယအကြိမ်နှင့် တတိယအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာမူကြမ်းများကို ၂၀၁၈ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင်ကျင်းပခဲ့သော (၁၃)ကြိ်မ်မြောက် သုံးပွင်ဆိုင်ညွှန့်ပေါင်းအဖွဲ့အစည်းအဝေးတွင် Moore Stephens (IA) မှတင်ပြဆွေး နွေးခဲ့ပြီး MSG ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ (၁၃)ကြိမ်မြောက် သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့အစည်းအဝေးတွင် နောက်ဆုံးအစီရင်ခံစာများကို ဒုတိယအကြိမ် (၂၀၁၄-၁၅) နှင့် တတိယအကြိမ်(၂၀၁၅-၁၆) မြန်မာနိုင်ငံ EITI အစီရင်ခံစာများအား ဆွေးနွေးအတည်ပြုခြင်း၊ (၁၂) ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်း အစည်းအဝေး ဆုံးဖြတ်ချက်များအား ဆွေးနွေးခြင်း၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု့နှင့် ပတ်သတ်၍ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခြင်း၊ သစ်တောကဏ္ဍနှင့် ပတ်သတ်၍ ရှင်းတင်ပြဆွေးနွေးခြင်း၊ Mining Cadaster နှင့် ပတ်သတ်၍ လုပ်ဆောင်နေသော လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ Extractive Industry နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ နှင့်ပတ်သတ်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် အတွက် အဆိုပြုရေးဆွဲထားသော အလုပ်ရုံဆွေးနွေးပွဲ အစီစဉ် မူကြမ်း အားတင်ပြဆွေးနွေးခြင်း၊ MEITI Work Plan အား ဆွေးနွေးတင်ပြခြင်း၊ Statement of Sources and Uses of Fund အား MOBD မှ ရှင်းလင်းတင်ပြခြင်း၊ ယနေ့ပြုလုပ်ကျင်းပပြုလုပ်မည့် (၁၃) ကြိမ်မြောက် သုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေးပွဲ ဆုံးဖြတ်ချက်များ အားအတည်ပြုဆွေးနွေးခြင်းများပြုလုပ်နိုင်ရန် (၁၃)ကြိမ်  မြောက် သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့အစည်းအဝေးအား ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါသည်။