(၁၂) ကြိမ်မြောက် MSG အစည်းအဝေးမှတ်တမ်း

2018-03

အဆိုပါ အစည်းအဝေးတွင် ဒုတိယအကြိမ် နှင့် တတိယအကြိမ် မြန်မာနိုင်ငံ EITI အကြိုအစီရင်ခံစာ (pre-final report) နှင့်ပတ်သက်၍ ဆွေးနွေးရန်၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု့ (Beneficial Ownership) နှင့် ပတ်သတ်၍ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရန်၊ သစ်တော ကဏ္ဍနှင့် ပတ်သတ်သော Template Training အတွေ့အကြုံများအား မျှဝေခြင်းနှင့် သစ်တောကဏ္ဍ အစီရင်ခံစာ ထွက်ရှိရန် အချိန်ဇယားကို တင်ပြဆွေးနွေးရန်၊ မြန်မာနိုင်ငံတွင် EITI ဥပဒေမူဝါဒများချမှတ်နိုင်ရန် အတွက် လက်ရှိ ဥပဒေ၊ မူဝါဒများအား လေ့လာသုံးသပ်နိုင်ရန် ToR များအား အကြမ်းဖျင်းဆွေးနွေးရန်၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ နှင့်ပတ်သတ်သော အလုပ်ရုံဆွေးနွေးပွဲ (SOE- Extractive Industry) ကျင်းပရန် အတွက် အဆိုပြုရေးဆွဲထားသော အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်မူကြမ်းအားတင်ပြဆွေးနွေးရန် နှင့် SNU ဖွဲ့စည်းခြင်းနှင့် ပတ်သတ်ပြီး ရှေ့ဆက်လုပ်ဆောင်မည့် အစီစဉ်များအား အပြန်အလှန် ဆွေးနွေးခြင်း များ ပြုလုပ်ရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် တစ်ဆယ့်နှစ်ကြိမ်မြောက် MEITI-MSG အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။