(၉) ကြိမ်မြောက် MSG အစည်းအဝေးမှတ်တမ်း

2017-12

မြန်မာနိုင်ငံ EITI ဒုတိယအကြိမ်အစီရင်ခံစာထွက်ရှိနိုင်ရေးအတွက် လုပ်ငန်းစဉ်တစ်ခုဖြစ်သော သက်ဆိုင်ရာအစိုးရဌာနများ နှင့် နယ်ပယ်လေ့လာသတ်မှတ်ခြင်းအစီရင်ခံစာအရ ကိန်းဂဏာန်း ပိုင်းဖြတ်ရာ (Materiality Threshold) တွင် ပါဝင်လာသည့် ကျောက်မျက်နှင့်ကျောက်စိမ်းကုမ္ပဏီများ၊ အခြားသော သတ္တုကဏ္ဍမှ ကုမ္ပဏီများ နှင့် ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှ ကုမ္ပဏီတို့ထံမှ templates နှင့် စာရင်းစစ်အစီရင်ခံစာ၏ အရှေ့မျက်နှာဖုံး နှင့် စာရင်းစစ်၏ထောက်ခံချက်ပါသည့် စာမျက်နှာ (Audit report cover sheet & Auditor’s certification sheet) များပို့ပေးရန် ကျန်ရှိနေသည့်အခြေအနေများ နှင့် တိုက်ဆိုင်စစ်ဆေးမှု  နောက်ဆုံး အခြေအနေများကို  သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ဝင်များသို့တင်ပြရန်၊ အဌမအကြိမ်မြောက် MEITI-MSGs အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များကို  ဆောင်ရွက်ထားရှိမှု အခြေအနေ များကိုတင်ပြရန်၊ လုပ်ငန်းခွဲ ကော်မတီအစည်းအဝေးများမှ ဆုံးဖြတ်ချက်များအား ဆွေးနွေးအတည်ပြုရန်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့များ (Sub-National Coordination Unit- SNU) များဖွဲ့စည်းဆောင်ရွက်ရေး နှင့် စပ်လျဉ်း၍ ဆွေးနွေးရန်၊ နိုင်ငံတကာ EITI   အဖွဲ့ရုံးမှ  သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ တာဝန်နှင့်ဝတ္တရား (MSG ToR) နှင့်ပတ်သက်၍ ၂၀၁၆ EITI စံနှုန်းနှင့်အညီ ဆောင်ရွက်ရန်အတွက် ပေးပို့ထား သော သဘောထားမှတ်ချက်အားဆွေးနွေးရန်၊ Validation Guidelines နှင့် Procedures အတွက် အကြိုအလုပ်ရုံဆွေးနွေးပွဲကျင်းပရေးဆွေးနွေးရန်၊ Mining Cadaster Consultant ၏ ပဏာမ တင်ပြထားသော အစီရင်ခံစာ  ၏ နောက်ဆုံးအခြေအနေအားတင်ပြရန်၊ ပဏာမဌားရမ်းထားသော BO Consultant မှ တင်ပြထားသော Technical and  Financial Proposal      အား ညှိနှိုင်းထားရှိမှု နောက်ဆုံး အခြေအနေအားတင်ပြရန်၊ သစ်တောကဏ္ဍစာရင်းတိုက်ဆိုင်စစ်ဆေးရေး အဖွဲ့မှ ပေးပို့လာသည့် သစ်တောကဏ္ဍဆိုင်ရာ နယ်ပယ်လေ့လာသတ်မှတ်ခြင်းအစီရင်ခံစာအား တင်ပြရန် နှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်မည့် MSG အစည်းအဝေး၊ sub-committee အစည်းအဝေးများ အတွက် အချိန်ဇယား ရေးဆွဲရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် နဝမအကြိမ်မြောက် MEITI-MSG အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည် ။