(၈) ကြိမ်မြောက် MSG အစည်းအဝေးမှတ်တမ်း

2017-10

မြန်မာနိုင်ငံ EITI ဒုတိယအကြိမ်အစီရင်ခံစာထွက်ရှိနိုင်ရေးအတွက် လုပ်ငန်းစဉ်တစ်ခုဖြစ်သော သက်ဆိုင်ရာအစိုးရဌာနများ နှင့် နယ်ပယ်လေ့လာသတ်မှတ်ခြင်းအစီရင်ခံစာအရ ကိန်းဂဏာန်း ပိုင်းဖြတ်ရာတွင် (Materiality Threshold) တွင် ပါဝင်လာသည့် ကျောက်မျက်နှင့်ကျောက်စိမ်းကုမ္ပဏီများ၊ အခြားသောသတ္တုကဏ္ဍမှ ကုမ္ပဏီများ နှင့် ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှ ကုမ္ပဏီတို့၏ စာရင်းဖြည့်သွင်းမှု အခြေအနေများနှင့် လွတ်လပ်သောစာရင်းတိုက်ဆိုင်စစ်ဆေးသူထံသို့ templates များပို့ပေးမှုအခြေအနေများ ကို သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ဝင်များသို့တင်ပြရန် နှင့် လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သတ္တမအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သော MEITI-MSGs အစည်းအဝေးတွင် ဆုံးဖြတ်ထားခဲ့သော ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ပြန်လည်သုံးသပ်ညှိနှိုင်းပေးရန် နှင့် ဆုံးဖြတ်ချက်များအတိုင်း  ဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြရန်၊ သစ်တောကဏ္ဍစာရင်းတိုက်ဆိုင်စစ်ဆေးသူမှ ပေးပို့လာမည့် သစ်တောကဏ္ဍဆိုင်ရာ ကနဦးလေ့လာသုံးသပ်ခြင်းအစီရင်ခံစာဆိုင်ရာ အခြေအနေများကို တင်ပြရန် နှင့် ယင်းအစီရင်ခံစာကို သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ (သို့) နည်းပညာနှင့် အစီရင်ခံစာလုပ်ငန်းခွဲကော်မတီတွင် အတည်ပြုပေးနိုင်ရေးကိစ္စအား ဆွေးနွေးရန်၊ Technical and Reporting Sub-committee နှင့် Selection committee အစည်းအဝေးတို့မှ ဆွေးနွေးဆုံးဖြတ်ချက်များအား အတည်ပြုပေးရန်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် MSG အစည်းအဝေး၊ sub-committee အစည်းအဝေးများ အတွက် အချိန်ဇယား ရေးဆွဲရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် ၈ ကြိမ်မြောက် MEITI-MSG အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည် ။