ရွေးချယ်ရေး လုပ်ငန်းခွဲကော်မတီအစည်းအဝေး ကျင်းပခြင်း (၂၀၁၈၊ ဇူလိုင်လ ၆ ရက်)

2018-07-06 to 2018-07-26

ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ ဇူလှိုင်လ (၆) ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ရွေးချယ်ရေးလုပ်ငန်းကော်မတီဝင်များဖြစ်သည့် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်း  အဖွဲ့ကို်ယ်စားလှယ်များ၊ စီမံကိန််းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ မဟာဗျူဟာ နှင့် EITI ဌာနခွဲ (MOBD) မှ တာဝန််ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှုး နှင့် အဖွဲ့သားများ တက်ရောက်ခဲ့ပါသည်။

ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား အင်တာနက်အခြေခံ ကွန်ပျူတာမှတ်ပုံစနစ် (Mining Cadaster System) တည်ဆောက်ရန်အတွက် ရှေ့ပြေးလုပ်ငန်းတစ်ခုဖြစ်သည့်  Pre Cadaster Working Group ဖွဲ့စည်းတည်ထောင်နိုင်ရန်အလို့ငှာ ငှားရမ်းမည့် Consultant ရွေးချယ်ရန် ကျင်းပရခြင်းဖြစ်ပါသည်။

အစည်းအဝေးတွင် အဆိုပြုလာသည့် Candidates များ၏ ကိုယ်ရေးရာဇဝင်များနှင့် လုပ်ငန်းအတွေ့အကြုံ များအား နှိုင်းယှဉ်သုံးသပ်ဆွေးနွေးခြင်း၊ ကော်မတီဝင်တစ်ဦးချင်းစီမှ အကဲဖြတ်အမှတ်ပေးခြင်း နှင့် အခြား သော အထွေထွေဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အစည်းအဝေးအား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။