လိုအပ်သည့်လိုင်စင်ဆိုင်ရာ သတင်းအချက်အလက်များကို တစ်နေရာတည်းတွ င် သိမ်းဆည်းနိုင်သော အင်တာနက် အခြေခံ ကွန်ပျူတာမှတ်ပုံတင်စနစ် အကောင်အထည်ဖော်ရေး ကွင်းဆင်းလေ့လာရေးခရီးစဉ် 

2018-02-14 to 2018-06-21



Mining Cadaster ကဏ္ဍတွင် ရှေ့ဆက်လုပ်ဆောင် ရမည့်် လုပ်ငန်းစဉ်များ အတွက် Consultant မှ မြန်မာနိုင်ငံ၏ အချို့သော နေရာများအား ကွင်းဆင်းလေ့လာရန် အတွက် မန္တလေးနှင့် မိုးကုတ်မြို့နယ် များသို့သွားရောက် လေ့လာခြင်းနှင့် နေပြည်တော်ရှိ သက်ဆိုင်ရာဌာန များတွင် တွေ့ဆုံဆွေးနွေး ခြင်းများ အား ပြုလုပ်ခဲ့ပါသည်။

ထိုကွင်းဆင်းလေ့လာခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းစဉ်တွင် မန္တလေးမြို့၏ သတ္တုတွင်းဦးစီးဌာနရုံး၊ Mine Site လုပ်ငန်းခွင်၊ မိုးကုတ်မြို့၏ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံး၊ နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန လက်အောက်ရှိ ဦးစီးဌာနများသို့ (၁၄) နေ့မှ (၂၁) နေ့အထိ သွားရောက် လေ့လာခြင်းနှင့် ဆွေးနွေးခြင်းများအား ပြုလုပ်ခဲ့ပါသည်။

အဆိုပါခရီးစဉ်တွင် Mining Cadaster မှ Consultant နှင့် အတူ ညှိနှိုင်းဖော်ဆောင်ရေး ရုံးမှ စီမံကိန်းလက်ထောက်လည်းမှ လည်းပူးပေါင်း ပါ၀င်ခဲ့ပါသည်။