နည်းပညာနှင့်အစီရင်ခံခြင်းလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပပြီးစီးခြင်း

2018-02-22



၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၂) နေ့ညနေပိုင်းတွင် Technical & Reporting Sub-Committee Meeting အား MEITI-NCS ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။`

အဆိုပါ အစည်းအဝေးပွဲတွင် သစ်တောကဏ္ဍ အစီရင်ခံစာအတွက် ပုံစံရေးသွင်းခြင်းသင်တန်းနှင့် ပတ်သတ်၍ တင်ပြဆွေးနွေးခြင်း၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲအတွက် အဆိုပြုအစီအစဉ်ကို ဆွေးနွေးခြင်း၊ မြန်မာ EITI မူဝါဒနှင့် ဥပဒေပေါ်ပေါက်ရေးအတွက် တွင်းထွက်သယံဇာတ များနှင့် သက်ဆိုင်သော ဥပဒေများကို ပြန်လည်သုံးသပ်ရန် ဆွေးနွေးခြင်း၊ အစီရင်ခံစာမူကြမ်း တွင်ပါ၀င်သော အကြံပြုတိုက်တွန်းချက်များ အား တင်ပြဆွေးနွေးခြင်း၊ Beneficial Ownership နှင့်ပတ်သတ်၍  ဆွေးနွေးတင်ပြခြင်း များ အားပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးပွဲတွင် Sub-Committee မှကိုယ်စားလှယ်များ၊ MEITI လုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ဆက်စပ်လုပ်ကိုင်နေကြသော အဖွဲ့များဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ် မှ တာဝန်ရှှိသူများ၊ အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်