လိုအပ်သည့် လိုင်စင်ဆိုင်ရာ သတင်းအချက်အလက်များကိုတနေရာတည်း သိမ်းဆည်း နိုင်သောအင်တာနက် အခြေခံ ကွန်ပျူတာ မှတ်ပုံတင်စနစ် ဖော်ဆောင်ရေး လုပ်ငန်းခွဲ ကော်မတီ အစည်းအဝေး ကျင်းပပြီးစီးခြင်း

2018-02-23



၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၃) နေနံနက်ပိုင်းတွင် Mining Cadaster Sub-Committee Meeting အား MEITI-NCS ရုံးတွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးပွဲတွင် Mining Cadaster Consultant (Mr. Enrique Ortega) မှ မန္တလေးမြို့နှင့် မိုးကုတ်မြို့နယ်များတွင် ကွင်းဆင်းလေ့လာခဲ့သော အခြေအနေများ နှင့်ပတ်သတ်၍ ဆွေးနွေးတင်ပြခြင်းနှင့် ရှေ့ဆက်လုပ်ဆောင် မည့် လုပ်ငန်းစဉ်များကိုအပြန်အလှန် ဆွေးနွေးတင်ပြခြင်း များ အားပြု လုပ်ခဲ့ပါ သည်။

အဆိုပါ အစည်းအဝေးပွဲတွင် Sub-Committee မှကိုယ်စားလှယ်များ၊ MEITI လုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ဆက်စပ်လုပ်ကိုင်နေကြသော အဖွဲ့များဖြစ်ကြ သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ် မှ တာဝန်ရှှိသူများ၊ အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။