ပြန်ကြားဆက်သွယ်ရေးနှင့် ပြင်ပဆက်ဆံရေး လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပပြီးစီးခြင်း

2018-02-23

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၃) ညနေပိုင်းတွင် Communication & Outreach Sub-Committee Meeting အား MEITI-NCS ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးပွဲတွင် မြန်မာနိုင်ငံ ညှိနှိုင်းဖော်ရေးရုံးမှ စီမံကိန်းမန်နေဂျာမှ တနင်္သာရီတိုင်းဒေကြီး ထားဝယ်မြို့တွင် (၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ) ပြုလုပ်ကျင်းပသွားမည့် Sub-National Coordination Unit Formation Workshop အတွက် အစီအစဉ်အသေးစိတ်အား တင်ပြခြင်း အဖွဲ့ဝင် ကိုယ်စား လှယ်များ နှင့်တိုင်ပင်ဆွေးနွေးဆုံးဖြတ်ခြင်းများအားပြုလုပ်ခဲ့ပါသည်။

ယင်းနောက် ပြန်ကြားရေး အရာရှိမှ Communication & Outreach ကဏ္ဍနှင့် ပတ်သက်၍ ဖော်ဆောင်နေသည့် လုပ်ငန်းစဉ်များ၏ အခြေအနေများနှင့် ဆက် လက်အကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အချိန်ကာလ သတ်မှတ်ခြင်းများ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးပွဲတွင် Sub-Committee မှကိုယ်စားလှယ်များ၊ MEITI လုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ဆက်စပ်လုပ်ကိုင်နေကြသော အဖွဲ့များဖြစ် ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ် မှ တာဝန်ရှှိသူများ၊ အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။