MEITI သစ်တောကဏ္ဍ ကိန်းဂဏိန်းအချက်အလက် ဖြည့်သွင်းခြင်းဆိုင်ရာ သင်တန်း ကျင်းပပြီး စီးခြင်း

2018-02-26



မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များတွင် ပါ၀င်သော သစ်တောကဏ္ဍ နှင့်ပတ်သက်သည့် အစီရင်ခံစာ ထုတ်ပြန် နိုင်ရေးအတွက် ကိန်းဂဏန်း အချက်အလက် ဖြည့်သွင်းခြင်းဆိုင်ရာသင်တန်း( Forestry Reporting Template Training) အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ရန်ကုန်မြို့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုသင်တန်းသို့၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဌာနလက်အောက်ရှိ သစ်တောဦးစီးဌာန ၊မြန်မာ့သစ်လုပ်ငန်း ၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက် အောက်ရှိ ပြည်တွင်းအခွန် များဦးစီး ဌာန ၊ အကောက်ခွန်ဦးစီးဌာန ၊ ငွေတိုက်ဦးစီးဌာန ၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မှတာဝန်ရှိသူများ ၊ သစ်တော ထွက်ဖက် စပ်ကော်ပိုရေးရှင်း ၊ စာရင်းဖြည့်သွင်းရာတွင်ပါ၀င်မည့် ကုမ္ပဏီများ ၊ သစ်တောကဏ္ဍအတွက်ငှားရမ်းထားသော လွတ်လပ်သည့် စာရင်း တိုင်ဆိုင် စစ်ဆေးသူ Moore Stephens နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေး မှူးရုံး တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။