တစ်ဆယ့်သုံးကြိမ်မြောက် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့အစည်းအဝေး ကျင်းပပြီးစီးခြင်း

2018-03-30



၂၀၁၈ ခုနှစ်် မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ Inya Lake ဟိုတယ်၌ ၁၃ ကြိမ်မြောက်သုံးပွင့် ဆိုင်ညွန့်ပေါင်း အစည်းအဝေးအား ကျင်းပြုလုပ် ခဲ့ပါသည်။ ယင်းပွဲသို့မြန်မာနိုင်ငံ သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့ ဒုတိယဥ က္ကဌနှင့် ကိုယ်စားလှယ် အဖွဲ့ ၀င်များ၊ အစိုးရဌာနများမှ တာဝန်ရှိသူများ၊ စီးပွားရေး ဦးပိုင်လီမိတက် မှ တာဝန်ရှိသူများ၊ IA (Moore Stephen) မှ ကိုယ်စားလှယ် နှင့်မြန်မာနိုင်ငံ EITI ဖာ်ဆောင်သ ည့် လုပ်ငန်း နှင့် ဆက်စပ် လုပ်ကိုင်နေကြသည့် အဖွဲ့အစည်းများ  ဖြစ်ကြ သည့် MOBD မှ တာဝန်ရှိသူများ၊ DFID နှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိပဂ္ဂိုလ်များ၊ MEITI အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ပြည်တွင်းပြည်ပ ကျွမ်းကျင်ပ ညာရှင်များနှင့် လေ့လာသူမျာ တက် ရောက်ခဲ့့ကြ ပါသည်။

အဆိုပါအခမ်းအနားတွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ် မြန်မာနိုင်ငံ EITI အစီ ရင်ခံ စာနှင့် ပတ်သတ်၍ ဆွေးနွေးခြင်း၊  (၁၂)ကိမ်မြောက် သုုံးပွင့်ဆိုင်ညွန့်ပေါင်း အစည်းအဝေး ဆုံးဖြတ်ချက်များ အား ဆွေးနွေးခြင်း၊ အကျိုးအမြတ် ရရှိ ပိုင်ဆိုင်မှု့နှင့်ပတ်သတ်၍ရှေ့ဆက် လုပ်ဆောင်မည့်  လုပ်ငန်းစဉ်များနှင့် ပတ်သတ် ၍ ရှင်းလင်း တင်ပြခြင်း၊ သစ်တောကဏ္ဍနှင့် ပတ်သတ် ၍ ရှင်းတင်ပြဆွေးနွေးခြင်း၊ Mining Cadaster နှင့် ပတ်သတ် ၍ လုပ်ဆောင်နေသော လုပ်ငန်းစဉ်များအား ရှင်း လင်းတင်ပြခြင်း၊ Extractive Industry နိုင်ငံပို င်စီးပွားရေးလုပ်ငန်းများ နှင့်ပတ်သတ်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် အတွက်  အဆိုပြုရေးဆွဲထားသောအလုပ်ရံ ဆွေးနွေး ပွဲ အစီစဉ် မူကြမ်း အားတင်ဆွေးနွေးခြင်း၊ MEITI Work Plan အား  ဆွေးနွေးတင်ပြခြင်း၊ Statement of Sources and Uses of Fund အား MOBD မှ ရှင်းလင်းတင်ပြခြင်း၊ ယနေ့ပြုလုပ်ကျင်းပသော ၁၃ ကြိမ်မြောက် သုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေး ပွဲ ဆုံးဖြတ်ချက်များ အားအတည်ပြုဆွေး နွေးခြင်းများ အား ဆွေးနွေးတင်ပြခဲ့ကြပြီး  တက် ရောက်လာ ကြသော သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များမှလည်း ရှင်းလင်းတင်ပြချက်များ အား ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။