အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုနှင့် ပတ်သက်သော အမြင်ဖွင့်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

2018-04-26

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုနှင့် ပတ်သက်သော အမြင်ဖွင့်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ၊ ဧပြီလ (၂၆) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း၏ မဏိရတနာခန်းမ၌ ကျင်း ပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအီးအိုင်တီအိုင် သုံးပွင့်ဆိုင်ညွှန့်ပေါင်း အဖွဲ့၊ ဒုတိယ ဥက္ကဌ ၊ မြန်မာကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန််ကြီးဌာနမှ တာဝန်ရှိသူများ၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာန မှ ညွန်ကြားရေးမှုး၊ ကျောက်မျက်နှင့် ကျောက်စိမ်းကုမ္မဏီများမှ တာဝန််ရှိသူများ၊ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့မှ အစိုးရနှင့်ပုဂ္ဂလိက ကိုယ်စားလှယ် များ၊ ညှိနှိုင်းဖော်ဆောင်ရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၊ ဒုတိယဥက္ကဌ ဦးဝင်းထိန်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း အထွေထွေမန်နေဂျာ ဦးမင်းသူ မှ အမှာစကား ပြောကြားခြင်း ၊ မြန်မာနိုင်ငံ အီးအိုင်တီအိုင် ညှိနှိုင်းရေးမှုးရုံးမှ မြန်မာနိုင်ငံ အီးအိုင်တီအိုင် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နောက်ခံသမိုင်းကြောင်းနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ် များအား ရှင်းလင်းတင်ပြခြင်း၊ အကျိုးအမြတ်ရရှိပို်င်ဆိုင်မှု ၏ အဓိပ္ပါယ်အား ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံတကာ အီးအိုင်တီအိုင် အတွင်းရေးမှုးရုံးမှ ထုတ်ပြန်ထားသော အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် ဗီဒီယို ဖိုင်အား ပြသခြင်း၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုအား ဖွင့်ဟဖော်ထုတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသူများမှ မေးခွန်းများမေးခြင်းနှင့် တာဝန်ရှိသူများမှ ဖြေကြားရှင်းလင်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအီးအိုင်တီအိုင် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၊ ဒုတိယဥက္ကဌ ဦးဝင်းထိန်မှ နိဂုံးချုပ် အမှာစကားပြောကြားခြင်းဖြင့် အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြီးစီးခဲ့ပါသည်။