အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု နှင့်ပတ်သက်သော အမြင်ဖွင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

2018-05-02

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု (Beneficial Ownership) နှင့်ပတ်သက်သော အမြင်ဖွင့်အလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၈ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ရန်ကုန်ရှိ မြန်မာနိုင်ငံ အီးအိုင်တီအိုင် ညှိနှိုင်းရေးမှုးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ သတ္တုတွင်းဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများ ညွှန်ကြားရေးမှုးဦးစီးဌာန ၊ မြန်မာသစ်လုပ်ငန်း၊ အမှတ်(၁)နှင့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သစ်နှင့်သစ် တော ထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၊ မြန်မာ့သတ္တုတွင်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကုမ္မဏီများ၊ သတ္တုတွင်းကုမ္မဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သစ်လုပ်ငန်း ကုမ္မဏီများ၊ မြန်မာနိုင်ငံ အီးအိုင်တီအိုင် ညှိနှိုင်းရေးမှုးနှင့် ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အီးအိုင်တီအိုင် ညှိနှိုင်းရေးမှုး ဦးစိုးဝင်း မှ အဖွင့်အမှာစကားပြောကြား ခြင်း၊ သတ္တုတွင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်သက် (သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ အစိုးရဖက် ကိုယ်စားလှယ်) မှ အမှာစကားပြောကြားခြင်း၊ ညှိနှိုင်းရေးမှုးရုံးမှ မြန်မာ နိုင်ငံ EITI လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နောက်ခံသမိုင်းကြောင်းနှင့် ဆက်လက်ဆောင်ရွက် လျက်ရှိသော လုပ်ငန်းစဉ်များအားရှင်းပြခြင်း၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု( Beneficial Ownership) ၏ အဓိပ္ပါယ်အား ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံတကာ EITI အတွင်းရေးမှုးရုံးမှ ထုတ်ပြန်ထားသော အကျိုးအမြတ်ရရှိပိုင်ဆိုင် မှုနှင့်ပတ်သက်သည့် ဗီဒီယိုဖိုင်အား ပြသခြင်း၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုအား ဖွင့်ဟ ဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာ သော ကုမ္မဏီများနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ မှ မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှုးမှ နိဂုံးချုပ် ကျေးဇူးတင်စကားပြောခြင်းဖြင့် အလုပ်ရုံဆွေးနွေးပွဲ အား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါ သည်။