ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် မြန်မာအီးအိုင်တီအိုင် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေး (မကွေးတိုင်း)

2018-05-05

အီးအိုင်တီအိုင် လုပ်ငန်းစဉ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖော်ဆောင်ရန် အတွတ် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် လုပ်ငန်း ညှိနှိုင်းဆောင်ရွက်ဖွဲ့ ဖွဲ့စည်းရန် အတွက် ကနဦးတွေ့ဆုံခြင်း အစည်းအဝေး အား (Sub-National Coordination Unit Inception Meeting) အား ၂၀၁၈ ခုနှစ်၊ မေလ၊ ၀၅ ရက်နေ့ တွင်မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ဖွဲ့ ဖွဲ့စည်းရန် အတွက် ကနဦးတွေ့ဆုံခြင်း အစည်းအဝေးတွင် အီးအိုင်တီအိုင် ဖော်ဆောင်မှု လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း ပြည်နယ်နှင့် တိုင်းဒေသ ကြီး အဆင့်တွင် စတင်အကောင်အထည်ဖော် ဖွဲ့စည်းရေးနှင့် ပတ်သတ်ပြီး စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ အား ဆွေးနွေးခြင်း၊ ဖွဲ့စည်း ပုုံ နှင့် လုပ်ငန်း စဉ်များအား ရှင်းပြခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများနှင့် အတွေ့ အကြံုများ အား သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များမှ ရှင်းလင်းမျှဝေခြင်း များပြု လုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးပွဲတွင် မကွေးဒေသကြီး၏ အစိုးရအဖွဲ့မှ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ လွှတ်တော် ဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ အခြားတာ ၀န်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အရပ်ဖက်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ သုံးပွင့်ဆိုင်အဖွဲ့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အီးအိုင်တီအိုင် ညှိနှုုိင်းဖော်ဆောင်ရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။