ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍဆိုင်ရာ သင်တန်းကျင်းပပြုလုပ်ခြင်း

2018-05-07 to 2018-05-09

ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍဆိုင်ရာ သင်တန်းအား ၂၀၁၈ ခုနှစ် ၊ မေလ ရ ရက်မှ ၂၀၁၈ ခုနှစ် ၊ မေလ ၉ ရက်နေ့အထိ ရန်ကုန်ရှိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှုးရုံးတွင် ကျင်းပခဲ့ပါသည်။ ရေနံနှင့်သ ဘာဝဓါတ်ငွေ့ကဏ္ဍဆိုင်ရာသင်တန်းတွင် (Norwegian Agency for Development Cooperation- NORAD) မှ အတိုင်ပင်ခံဖြစ်သူ Vidar Ovesen မှ သင်တန်းပို့ချခဲ့ပြီး ညှိနှိုင်းရေးမှုးရုံးမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

သင်တန်းကျင်းပရာတွင် ပထမနေ့သင်တန်းအစီအစဉ်အဖြစ် ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်း၏ အခြားစီးပွားရေးကဏ္ဍများနှင့် မတူ ကွဲပြားသော အဓိကဝိသေသ လက္ခဏာများ ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းစီမံကိန်းများ၏ အဆင့်ဆင့် သောလုပ်ငန်းစဉ်များ၊ ဒုတိယနေ့တွင် နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးဆိုင်ရာ စီမံအုပ်ချုပ်မှုဒီဇိုင်း (fiscal regime design) နှင့် မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့အခွန်ဘဏ္ဍာငွေစီမံခန့်ခွဲမှု (အခွန်ဘဏ္ဍာငွေများ မည်ကဲ့သို့ ကောက်ယူစီမံခန့်ခွဲပုံ- အားသာချက်များနှင့် အားနည်းချက်များ) ၊ တတိယ နေ့တွင် သဘာဝသယံဇာတများမှ ရရှိသည့်အခွန်ဘဏ္ဍာငွေများ စီမံခန့်ခွဲခြင်း ဆိုင်ရာ စိန်ခေါ်မှုများ၊ သဘာဝသယံဇာတများမှ ရရှိသည့်အခွန်ဘဏ္ဍာငွေများစီမံခန့်ခွဲခြင်းနှင့် ပတ်သက်သော မူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များ၊ စသည့် ရေနံနှင့်သဘာဝဓါတ်ငွေ့ဆိုင်ရာ အကြောင်းအရာများကို (၃) ရက်တာ အစီအစဉ်ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။