လုပ်ငန်းအစီအစဉ်ဦးစားပေးရွေးချယ်ခြင်း နှင့်စီမံမှုဆိုင်ရာ အစည်းအဝေးကျင်းပပြီးစီးခြင်း

2018-05-17



လုပ်ငန်းအစီအစဉ်ဦးစားပေးရွေးချယ်ခြင်းနှင့် စီမံမှုဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ရန်ကုန်ရှိ Signature Fine Dining တွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ကိုယ်စားလှယ်များဖြစ်သည့် အစိုးရဖက် ကိုယ်စားလှယ်များ၊ ပုဂ္ဂလိ ကကိုယ်စားလှယ်များ၊ အရပ်ဖက်ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ Consultant ဖြစ်သူ Adam Smith International (ASI) မှ Anton Ruehling နှင့် ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပထမဦးစွာ Anton Ruehling မှ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ် (Beneficial Ownership workplan) ဆွေးနွေးတင်ပြခြင်း၊ ညှိနှိုင်းရေးရုံးတာဝန်ရှိသူများမှ MEITI လုပ်ငန်းစဉ် အကောင်အထည်ဖော်မှု အခြေအနေတိုးတက်မှု များအား ရှင်းလင်းတင်ပြခြင်း၊ BO Taskforce ဖွဲ့စည်းခြင်းမူကြမ်း အား ရှင်းလင်းတင်ပြခြင်း၊ ထိုမူကြမ်းအား တာဝန်ရှိသူများမှ ပြင်ဆင်ဖြည့်စွက် ခြင်း၊ ထို့နောက် MEITI လုပ်ငန်းအစီအစဉ်နှင့်ဘက်ဂျက်အား ဆွေးနွေးပြင်ဆင်ခြင်းများပြုလုပ်၍ အစည်းအဝေးအား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။