ပြန်ကြားဆက်သွယ်ရေးနှင့် ပြင်ပဆက်ဆံရေး လုပ်ငန်းခွဲကော်မတီ အစည်းအဝေးကျင်းပပြီးစီးခြင်း

2018-05-17

ပြန်ကြားဆက်သွယ်ရေးနှင့် ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီ အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Signature Fine Dining တွင် ကျင်းပခဲ့ပါသည်။ 

အစည်းအဝေးသို့ လုပ်ငန်းခွဲကော်မတီဝင်များဖြစ်သည့် အစိုးရဖက်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ၊ အရပ်ဖက်ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ MEITI ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ နှင့်လေ့လာ သူများတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပထမဦးစွာ ညှိနှိုင်းရေးရုံးတာဝန်ရှိသူများမှ ပြည်နယ်/တိုင်းဒေသကြီးအ ဆင့်လုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (SNU) ဖွဲ့စည်းခြင်း ဆိုင်ရာလုပ်ငန်း တိုးတက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ ရှမ်းပြည်နယ်နှင့် စစ်ကို်င်းတို်င်း SNU ခရီးစဉ် အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ တာဝန်ရှိသူများမှ ဆွေးနွေးဖြည့်စွက်ခြင်းများပြုလုပ်၍ အစည်းအဝေးအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။