နည်းပညာနှင့် အစီရင်ခံစာလုပ်ငန်းခွဲကော်မတီ အစည်းအဝေးကျင်းပပြီးစီးခြင်း

2018-05-18

နည်းပညာနှင့် အစီရင်ခံစာလုပ်ငန်းခွဲကော်မတီ (Technical and Reporting Sub- Committee) အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ရန်ကုန်ရှိ အင်းယားလိတ်ခ် ဟိုတယ်၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးသိုု့ နည်းပညာနှင့် အစီရင်ခံစာလုပ်ငန်းခွဲကော်မတီဝင်များဖြစ်သည့် အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဖက်ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာနှင့် မြန်မာ့သစ်လုပ်ငန်း တာဝန်ရှိသူများ၊ သစ်လုပ်ငန်းကုမ္မဏီများမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ MEITI ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပထမဦးစွာ ဦးထွန်းပေါ်ဦး (နည်းပညာကျွမ်းကျင်သူ၊ ညှိနှိုင်းရေးရုံး) မှ အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်များကို မိတ်ဆက်ရှင်းပြခဲ့ပြီး တက်ရောက်လာသူ အားလုံးမှလည်း တစ်ဦးချင်းမိတ်ဆက်ခြင်းဖြင့် အစီအစဉ်အား စတင်ခဲ့ပါသည်။ ထို့နောက် MEITI သစ်တောအစီရင်ခံစာ(၂၀၁၄-၁၅၊ ၂၀၁၅-၁၆) မူကြမ်းများအား လွတ်လပ်သော စာရင်းတိုက်ဆိုင်စစ်ဆေးသူ (Independent Administrator-IA) Moore Stephen အဖွဲ့မှ Mr. Hedi မှ ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာကြသော သစ်တော ဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောလုပ်ငန်းဖက်စပ်ကုမ္မဏီများ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ လုပ်ငန်းခွဲ ကော်မတီဝင်များမှ အစီရင်ခံစာများ၏ အချက်အလက်များအား ပြင်ဆင်ဖြည့်စွက်ခြင်း၊ အကြံပြု သုံးသပ်ချက်များအား ထောက် ပြဆွေးနွေးခြင်း၊ မေးခွန်းများမေးမြန်းခြင်းများပြုလုပ်ခဲ့ကြပြီး Moore Stephen အဖွဲ့မှ Mr. Hedi မှ ကျေးဇူးတင်စကားပြောကြားခြင်းများဖြင့် အစည်းအဝေးအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။