မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ပြန်လည်ဖွဲ့စည်းခြင်း

2017-01
Category : Other Documents

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင်ကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ (၁၉-၁၂-၂၀၁၆) ရက်စွဲပါ အမိန်ကြော်ငြာစာအမှတ် (၁၁၅/၂၀၁၆)ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။ ဦးဆောင်ကော်မတီ၏ လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပါသည်။