ပြည်နယ်/တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Sub – national Coordination Group)များ၏ဖွဲ့စည်းပုံ၊

Category : Other Documents

မြန်မာနိုင်ငံ တွင်းထွက် သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး

သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ (MEITI – MSG)

ပြည်နယ်/တိုင်းဒေသကြီး အဆင့်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Sub – national Coordination Group)များ၏ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ



မြန်မာနိုင်ငံ တွင်းထွက် သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့(MEITI–MSG)၏ အစည်းအဝေး ဆုံးဖြတ်ချက်အရပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်  လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့များကိုပြည်နယ်နှင့်တိုင်းသီးသီးတွင်ဖွဲ.စည်းရန်သဘောတူညီခဲ့ ကြပြီးလုပ်ငန်းစဉ်များအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက်ပြည်နယ်နှင့်တိုင်း  ဒေသ ကြီး အဆင့် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (Sub – national Coordination Group) များ၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကိုရေး ဆွဲပြဌာန်းပါသည်။