(၃၂) ကြိမ်မြောက်မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏  အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၃၂) ကြိမ်မြောက်အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ နေ့လယ် (၁း၀၀) နာရီတွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌဖြစ်သည့် စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အစီအစဉ်အရ (၃၁) ကြိမ်မြောက် MSG အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ဆောင်မှုအားတင်ပြခြင်း၊ NCS ရုံး၏ လုပ်ငန်းလွှဲပြောင်းမှုဆိုင်ရာလုပ်ငန်းစဉ် နှင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ MOBD နှင့် NCS တို့၏ ပူးတွဲ ဆောင်ရွက်မည့်အစီအစဉ်အားတင်ပြခြင်း၊ Validation လုပ်ငန်းစဉ်အရ Corrective Actions (၁၂) ချက်၏ နောက်ဆုံးအခြေအနေအား တင်ပြခြင်း၊ (၆) ကြိမ်မြောက် MEITI Uniliteral Report ထုတ်ပြန်ရန် အတွက် Statistician ငှားရမ်းရွေးချယ်မှုနှင့် ပတ်သက်၍ တင်ပြခြင်း၊ (၆) ကြိမ်မြောက် နှင့် (၇) ကြိမ်မြောက် MEITI အစီရင်ခံစာ၊ (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက် MEITI သစ်တောကဏ္ဍ အစီရင်ခံစာများအတွက် ဘဏ္ဍာငွေ အခြေအနေ၊ (၆) ကြိမ်မြောက် နှင့် (၇) ကြိမ်မြောက် MEITI အစီရင်ခံစာအတွက် ငှားရမ်းမည့် Independent Administrator (IA) ရွေးချယ်ရေးအဖွဲ့တွင် ပါဝင်မည့်ကိုယ်စားလှယ်စာရင်းအား ထပ်မံ ဆွေးနွေးအတည်ပြုခြင်း၊ Contract Transparency လုပ်ငန်းစဉ်အတွက် ပြင်ဆင်ထားရှိသော အမိန့်ကြော်ငြာစာ(မူကြမ်း) အပေါ် သဘောထားကွဲလွဲမှုနှင့်ပတ်သက်၍ သမ္မတရုံးထံ တင်ပြမှုအခြေအနေအား MOBD မှ တင်ပြခြင်း၊ Commodity Trading Report နှင့်ပတ်သက်၍ IA မှ ပေးပို့လာသော Pre-Final Report ၊ Forestry Sector Reform Metrix ၊ Data Portal တို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ 6th Summary Data Report နောက်ဆုံးအခြေအနေအား တင်ပြခြင်း၊ ဒုတိယအကြိမ် BO လုပ်ငန်းစဉ်များ ထုတ်ပြန်နိုင်ရန် အတွက် Website ပြင်ဆင်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်အားတင်ပြခြင်း၊ Mining Cadaster ဆောင်ရွက်မှုနောက်ဆုံးအခြေ အနေအားတင်ပြခြင်း၊ (၅) ကြိမ်မြောက် သစ်တောကဏ္ဍ Summary Data Report အစီရင်ခံစာပြုစုမှုနှင့်ပတ်သက်၍ဆွေးနွေးခြင်း၊ SNU များ၏ ဘတ်ဂျက်ထောက်ပံ့မှုနှင့်ပတ်သက်၍ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်များ အတည်ပြုဖြည့်စွက်ဆွေးနွေးခဲ့ကြပြီးနောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ၏ အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကိုယ်စားလှယ်များ၊ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ Asia Director Ms. Gay Ordenes ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ လေ့လာသူများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှတာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြသည်။