ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေး

2018-12

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့၌ မြန်မာနိုင်ငံ EITI ညှိနှိုင်း‌ရေးမှူးရုံး၊ ရန်ကုန်တွင် ကျင်းပခဲ့သည့် ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးမှတ်တမ်း



၁။ ရည်ရွယ်ချက်

ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအားအောက်ပါအစီအစဉ်များအား အဓိကထား ဆွေးနွေးရန် ရည်ရွယ်၍ကျင်းပခဲ့ခြင်းဖြစ်သည် -

 ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့၌ ရန်ကုန်မြို့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ EITI အစီရင်ခံစာထုတ်ပြန်ကြေညာခြင်းအခမ်းအနားနှင့် လူထုဆွေးနွေးပွဲတို့အပေါ်

ပြန်လည်သုံးသပ် ရန်

 နေပြည်တော်၌ ကျင်းပမည့် မြန်မာနိုင်ငံ EITI အစီရင်ခံစာထုတ်ပြန်ကြေညာခြင်း အခမ်းအနား လူထုဆွေးနွေးပွဲနှင့် ညစာတည်းခင်းဧည့်ခံပွဲတို့အပေါ် ဆွေးနွေးရန်

 မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်မည့်အခမ်းအနားအစီအစဉ်အပေါ် ဆွေးနွေးရန်

 မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပရန်လျာထားသော လူထုဆွေးနွေးပွဲနှင့်ပတ်သက်၍ ဆွေးနွေး ရန်