လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီအစည်းအဝေးမှတ်တမ်း

2018-08

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်နေ့၌ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၊ ရန်ကုန်တွင် ကျင်းပခဲ့သည့် လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီအစည်းအဝေးမှတ်တမ်း

၁။ ရည်ရွယ်ချက်

လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား အောက်ပါအစီအစဉ်များအား အဓိကထားဆွေးနွေးရန် ရည်ရွယ်၍ကျင်းပခဲ့ခြင်းဖြစ်သည် -

  • မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး ၏ ရုံးခန်းပြင်ဆင်ရန် လိုအပ်သည့် အသုံးစရိတ်များနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးရန်။
  • Pre-cadaster Working Group consultant ငှားရမ်းရန်အတွက် လိုအပ်နေသော ဘက်ဂျက်ပမာဏအား EITI workplan and budget တွင် ချိန်ညှိနိုင်ရန်အတွက် ဆွေးနွေးရန်။
  • Procurement နှင့်ပတ်သက်သော အစီအစဉ်များအား ဆွေးနွေးရန်။