လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီ အစည်းအဝေးမှတ်တမ်း

2019-11

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့၌ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၊ ရန်ကုန်တွင် ကျင်းပခဲ့သည့်

လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီအစည်းအဝေးမှတ်တမ်း



၁။ ရည်ရွယ်ချက်

လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား MEITI Cost Extension Work Plan အား အဓိကထားဆွေးနွေးရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။



၂။ အစည်းအဝေးတက်ရောက်သူများ

အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ် (၃) ဦး၊ လုပ်ငန်းရှင်ကိုယ်စားလှယ် (၂) ဦး၊ အရပ်ဘက်ကိုယ်စားလှယ် (၂) ဦး၊ MOBD မှ (၂) ဦး၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ (၁၃) ဦး၊ ကျား - ၁၄ ဦး၊ မ - ၈ ဦး၊ စုစုပေါင်း - ၂၂ ဦး ရှိခဲ့သည်။

အစည်းအဝေးတက်ရောက်သူစာရင်းအသေးစိတ်အား နောက်ဆက်တွဲ (၁) တွင် ဖော်ပြထားပါသည်။