လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီ အစည်းအဝေး ကျင်းပခဲ့

2020-09-10

လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နေ့လယ် (၁း၃၀) နာရီတွင် MEITI လုပ်ငန်းစဥ်များ စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် Organizational Development Project နှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများအား တင်ပြဆွေးနွေးနိုင်ရန် ရည်ရွယ်၍ Online မှတစ်ဆင့် ကျင်းပခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် Organizational Development Consultant မှ စီမံကိန်း ရည်ရွယ်ချက်၊ စီမံကိန်း စတင်လာခဲ့ပုံ စသည့်နောက်ခံအကြောင်းအရာများ၊ စီမံကိန်းအချိန်ဇယားနှင့် လက်ရှိ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အလားအလာရှိနိုင်သည့် NCS ဖွဲ့စည်းပုံအသစ်များ၊ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ဆောင်ရွက်ရမည့်အချက်များ၊ နောက်ဆုံး တွေ့ဆုံဆွေးနွေးမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် လုပ်ငန်းအစီအစဥ်နှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီဝင်များနှင့် တက်ရောက်သူများမှ မရှင်းလင်းသည်များ၊ သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် MEITI လုပ်ငန်းစဥ်များ စဥ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် Organizational Development Project ဆိုင်ရာ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဥ်များ၊ ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များအပါအဝင် ဆုံးဖြတ်ချက် (၇) ချက်ကို ဆွေးနွေးသဘောတူခဲ့ကြပါသည်။

ယင်းအစည်းအဝေးသို့ လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲ ကော်မတီဝင် များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန (EITI ဌာနခွဲ) မှ တာဝန်ရှိသူများ၊ Organizational Development Consultant ဖြစ်သူ Ms. Emma Irwin၊ ဖွံ့ဖြိုးရေး မိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။