(၁၃) ကြိမ်မြောက် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ (၁၃) ကြိမ်မြောက်အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၄) ရက်နေ့ နံနက် ၁၀း၀၀ နာရီမှ ၁၂း၃၀ အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ သည်။

အဆိုပါအစည်းအဝေး၌ ပထမဦးစွာ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်း‌ဆောင်ဖြစ်သည့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ကာ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၏ Beneficial Ownership (BO) Coordinator က (၁၂) ကြိမ်မြောက် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်များ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ BO website developer ဖြစ်သည့် Digital Dots မှ ပြင်ဆင်ရေးဆွဲထားသည့် Website မူကြမ်းပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် BO Data Collection လုပ်ငန်းစဉ်အတွက် Information Sharing အစီအစဉ်များ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလနောက်ပိုင်းလက်ရှိ ဆက်လက်ဆောင်ရွက်သွားရမည့် BO လုပ်ငန်းစဉ်များနှင့် BO ဆိုင်ရာ အချက်အလက်စာတမ်းများ လွှဲပြောင်းပေးအပ်မှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့ပြင် Beneficial Ownership နှင့် Contract Transparency Legal Review အတွက် Consultant ရွေး ချယ်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကာ (၁၄) ကြိမ်မြောက်အစည်းအဝေးအတွက် ရက်သတ်မှတ်ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကဏ္ဍ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ( MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။