Mining Cadaster Design Report အတွက် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့



Mining Cadaster စီမံကိန်း၏ ဒီဇိုင်းအဆင့်အစီရင်ခံစာအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၄) ရက်နေ့ နေ့လည် ၂း၀၀ နာရီမှ ၆း၀၀ နာရီအထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ Mining Cadaster Consultant ဖြစ်သည့် Spatial Dimension မှ President ဖြစ်သည့် Mr. Bill Feast က Mining Cadaster လုပ်ငန်းစဉ်အတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ်ငန်းအစီအစဉ်များအား တင်ပြခဲ့ပြီး Spatial Dimension မှ Mr. Chorn Nak က Mining Cadaster System ပါ Prototype အား အသေးစိတ် ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကဏ္ဍအလိုက် ကိုယ်စားလှယ်များက ဒီဇိုင်းအဆင့် အစီရင်ခံစာနှင့် Mining Cadaster လုပ်ငန်းစဉ်တို့အပေါ် အကြံပြုဆွေးနွေးခဲ့ကြပြီး Spatial Dimension မှ တာဝန်ရှိသူကလည်း ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။

အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ Mining Cadaster Working Committee ဥက္ကဋ္ဌဖြစ်သည့် သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး နှင့် ကော်မတီဝင်များ၊ MEITI Mining Cadaster လုပ်ငန်းခွဲကော်မတီဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာနတာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများ၊ Spatial Dimension နှင့် Local Partner Valentis မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။