(၃၁) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၃၁) ကြိမ်မြောက်အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့၌ အွန်လိုင်းမှဖြင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက  အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် (၂၉) ကြိမ်မြောက်နှင့် (၃၀) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ဆောင်မှု နောက်ဆုံးအခြေအနေများ၊ NCS ရုံး၏ လုပ်ငန်းလွှဲပြောင်းမှု လုပ်ငန်းစဉ်အား NCS မှ

တာဝန်ရှိသူများက တင်ပြခဲ့သည်။ သတ္တုတွင်းဦးစီးဌာနမှ တာဝန်ရှိသူကလည်း Mining Cadastre လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုအခြေအနေများအား ​ ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ အစီအစဉ်အရ ဒုတိယအကြိမ် Beneficial Ownership လုပ်ငန်းစဉ်များ ထုတ်ပြန်နိုင်ရန်အတွက် Website ပြင်ဆင်ထားရှိမှုနှင့် နောက်ဆုံးအခြေအနေများ၊ Project Definition နှင့် ရှေ့လုပ်ငန်းစဉ်များ၊ BO and Contract  Transparency Legal Review REOI ခေါ်ယူထားမှုနှင့်ပတ်သက်သည့် အခြေအနေများ၊

Quasi-Fiscal Expenditures Study REOI ခေါ်ယူ ထားမှုနှင့်ပတ်သက်သည့်အခြေအနေများ၊ Systematic Disclosure REOI ခေါ်ယူထားမှုနှင့် ပတ်သက်သည့် အခြေအနေများ၊ (၆)  ကြိမ်မြောက် MEITI Summary Data Report ပြုစုရန် Consultant ခေါ်ယူရန်နှင့် ပတ်သက်သည့်အခြေအနေများ၊ (၆) ကြိမ်မြောက်နှင့် (၇) ကြိမ်မြောက် MEITI အစီရင်ခံစာအတွက် Independent Administrator ၏ လုပ်ငန်းလမ်းညွှန် (မူကြမ်း) နှင့်ပတ်သက်သည့်အခြေအနေများအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ၊ အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကဏ္ဍများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊  ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (NCS) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက် (၁၅) ချက်အား ဆွေးနွေးချမှတ်ခဲ့ကြသည်။