Technical and Reporting Sub-committee (4 Dec, 2019)

2019-08

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၌ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတွင် ကျင်းပခဲ့သည့်  နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီ အစည်းအဝေးမှတ်တမ်း

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား အောက်ပါရည်ရွယ်ချက်များဖြင့် ရည်ရွယ်ကျင်းပခဲ့သည် -

(က)         ပဉ္စမအကြိမ် မြောက် MEITI အစီရင်ခံစာအချိန်မီ ထုတ်ပြန်နိုင်ရေးအတွက်  Threshold နှင့် Reporting Template များအား ဆွေးနွေးရန်

(ခ)          ပထမအကြိမ် တွင်းထွက်သယံဇာတ ကဏ္ဍနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆွေးနွေးချက် များနှင့်အကြံပြုချက်များ အပေါ် သဘောထားမှတ်ချက်များအား ဆွေးနွေးရန်

(ဂ)           ဒုတိယအကြိမ် တွင်းထွက်သယံဇာတ ကဏ္ဍနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအတွက် NORAD ၏ Oil for Development Program  မှ အကြံပေးဖြစ်သည့် Vidar Ovesen မှ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း အတွေ့အကြုံများအား မျှဝေရန်

(ဃ)         MEITI လုပ်ငန်းစဉ်အတွက် ဘဏ္ဍာရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အား ဆွေးနွေးရန်