စာချုပ်စာတမ်းပွင့်လင်းမြင်သာမှု (Contract Transparency) ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့

MEITI စာချုပ်စာတမ်းပွင့်လင်းမြင်သာမှု (Contract Transparency) ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၇) ရက်နေ့ နံနက်ပိုင်းတွင် Online မှတစ်ဆင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ EITI လုပ်ငန်းစဉ်အရ စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာရေး (Contract Transparency) အတွက် သတ်မှတ်ကြေညာခြင်းဆောင်ရွက်နိုင်ရန်အတွက် သမ္မတရုံးအမိန့်ကြော်ငြာ စာမူကြမ်းအား အဓိကထားဆွေးနွေးခဲ့ကြပြီး ဖြည့်စွက်အကြံပြုပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးသို့ အစိုးရကဏ္ဍမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တို့မှ ဌာနတာဝန်ရှိသူများ၊ လုပ်ငန်းရှင်ကဏ္ဍမှ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် TOTAL Myanmar မှ တာဝန်ရှိသူများ၊ အရပ်ဘက်ကဏ္ဍမှ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး ( MEITI-NCS) မှ တာဝန်ရှိသူများ ပူးပေါင်းတက်ရောက်ဆွေးနွေးခဲ့ကြသည်။