နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၅) ရက်နေ့ နှင့် (၆) ရက်နေ့တို့တွင် Online မှတစ်ဆင့် နှစ်ရက်တာကျင်းပခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၅) ရက်နေ့၌ ပထမအကြိမ် MEITI Commodity Trading Report အတွက် Final Inception Report အား ဆွေးနွေးတင်ပြခြင်း၊ Project level Reporting နှင့် Standard Reporting template တို့နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့သည်။ အစည်းအဝေး၌ Project Level Reporting နှင့်ပတ်သက်၍ ၂၀၂၀ ဒီဇင်ဘာလတွင် အချိန်မီတင်သွင်းနိုင်ရန်အတွက် နောက်တစ်အကြိမ်အစည်းအဝေး၌ အသေးစိတ်ထပ်မံဆွေးနွေးရန် ဆုံးဖြတ်ချက်အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၆) ချက်အား ဆွေးနွေး သဘောတူခဲ့သည်။

 

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၅) ရက်နေ့၌ EITI Impact and outcome assessment နှင့် key performance များအား အဓိကထားဆွေးနွေးခဲ့ကြပြီး MEITI ပန်းတိုင်များ၊ ရည်မှန်းချက်များအား ပြန်လည်သတ်မှတ်ခြင်း၊ အကောင်အထည်ဖော်မည့်ပုံစံများ၊ Indicators များအား သတ်မှတ်ရန်၊ Impacts and outcomes assessment ပြုလုပ်ရန်အတွက် သီးခြား လွတ်လပ်သည့် Consultant ငှား၍ ဆောင်ရွက်ရန် ဆုံးဖြတ်ချက်အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၅) ချက်အား ဆွေးနွေး သဘောတူခဲ့သည်။