တတိယအကြိမ် MEITI Validation Group အစည်းအဝေး ကျင်းပခဲ့

MEITI Validation Group ၏ တတိယအကြိမ်မြောက်အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၆) ရက်နေ့၌ နေ့လည် (၁း၃၀) မှ (၃: ၀၀) အထိ Online မှတစ်ဆင့်ကျင်းပခဲ့သည်။

အစည်းအဝေး၌ ဒုတိယအကြိမ်မြောက် MEITI Validation Group အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများ နှင့် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ ပေးပို့ထားသော ပြင်ဆင်ထားသည့် အကဲဖြတ်ဆန်းစစ်ခြင်းပုံစံ အကြမ်းဖော်ပြချက် (Draft Outline for a Revised Validation Model) အပေါ် MEITI-NCS မှ ရှင်းလင်းတင်ပြခဲ့ပြီး Validation Group အဖွဲ့ဝင်များက ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထို့အပြင် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ မေးမြန်းထားသည့် မေးခွန်း(၄) ခု အပေါ် အဖြေများနှင့် သဘောထားမှတ်ချက်များအား ဇူလိုင်လ (၁၃) ရက်နေ့ ‌နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရန်အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၄) ချက်အား ဆွေးနွေးချမှတ်ခဲ့သည်။

အစည်းအဝေးသို့ MEITI Validation Group ၏ အစိုးရ၊ လုပ်ငန်းရှင်နှင့် အရပ်ဘက်ကဏ္ဍကိုယ်စားလှယ်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) နှင့် မြန်မာနိုင်ငံ EITI  ညှိနှိုင်းရေးမှူးရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။