နည်းပညာနှင့် အစီရင်ခံစာလုပ်ငန်းခွဲကော်မတီ အစည်းအဝေးကျင်းပခဲ့

နည်းပညာနှင့် အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် Online မှတစ်ဆင့်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ (၆) ကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်) ပြုစုရန်အတွက် အသုံးပြုမည့် Standard Reporting  Template အား အဓိကထားဆွေးနွေးရန် ရည်ရွယ်ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကျောက်စိမ်းကျောက်မျက်ကဏ္ဍနှင့် ပုလဲကဏ္ဍ များအတွက် ကဏ္ဍအလိုက် template များအား အစိုးရဌာနများ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ကုမ္ပဏီများ စသည့် အသုံးပြုမည့်အမျိုးအစားတစ်ခုချင်းစီအလိုက် ဆွေးနွေးအတည်ပြုခြင်းနှင့် သဘောထားမှတ်ချက်များပေးခဲ့ကြသည်။

အစည်းအဝေးသို့ နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာတို့မှ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဖွံဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။