MEITI Donor Consultation Group ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကျင်းပပြီးစီး

မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်အတွက် ဘဏ္ဍာငွေကူညီထောက်ပံ့ပေးမည့်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Donor Consultation Group) ၏ စတုတ္ထအကြိမ်မြောက်အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၅) ရက်နေ့၌ Online (Skype) မှတစ်ဆင့်

ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Donor Consultation Group ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းမှ ပြောကြားခဲ့ပြီး MOBD မှ MDTF fund (ဒေါ်လာ ၃.၅ သန်း) မှ ထုတ်ယူသုံးစွဲပြီးအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (NCS) မှ (၆) ကြိမ်မြောက်နှင့် (၇) ကြိမ်မြောက် MEITI အစီရင်ခံစာထုတ်ပြန်နိုင်ရေး ခန့်မှန်းကုန်ကျစရိတ်များ၊ MEITI လုပ်ငန်းစဉ်များအား သက်ဆိုင်ရာ မိတ်ဘက်အဖွဲ့အဖွဲ့အစည်းများမှ ဘဏ္ဍာငွေဆိုင်ရာ ထောက်ပံ့ထားရှိမှုအခြေအနေများ၊ (၆) ကြိမ်မြောက် အစီရင်ခံစာ (unilateral ထုတ်ပြန်ရာတွင် ငှားရမ်းမည့် Statistician နှင့်ပတ်သက်သော ကုန်ကျစရိတ်များအား MDTF မှ သုံးစွဲနိုင်ခွင့် ရှိ၊ မရှိ အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ကုန်ဆုံးမည့် NCS ၏ အသုံးစရိတ်များအနက်မှ လက်ကျန်ကျန်ရှိနေသော ဘဏ္ဍာငွေများ ဆက်လက် သုံးစွဲနိုင်ခွင့် ရှိ၊  မရှိ အခြေအနေများအား ဆွေးနွေးခဲ့သည်။ တက်ရောက်သူများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မိတ်ဖက်အဖွဲ့အစည်းများကလည်း ဘဏ္ဍာငွေပံ့ပိုးမှုအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုများအပြီး၌

Donor Consultation Group ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အစည်းအဝေးသို့ Donor Consultation Group ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘဏ္ဍာငွေပံ့ပိုးသည့်အဖွဲ့များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ MOBD နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများအသီးသီးတက်ရောက်ခဲ့သည်။