လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပခဲ့

လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂)ရက်နေ့၌ Online မှတစ်ဆင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား MEITI Work Plan ပါ ဦးစားပေးအစီအစဉ်နှင့်ဘတ်ဂျက်များပြန်လည်ညှိနှိုင်း‌ရေးဆွဲ ရန်နှင့် အခြားတိုးတက်မှုအခြေအနေများအား ဆွေးနွေးရန်

ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေး၌ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ MEITI Work Plan အား ဦးစားပေးအစီအစဉ်နှင့် ဘတ်ဂျက်များအား ပြန်လည်ညှိနှိုင်း၍ အဆိုပြုတင်ပြခြင်း၊ သက်ဆိုင်ရာဖွံ့ဖြိုး‌ရေးအဖွဲ့အစည်းများမှ

လုပ်ငန်းစဉ်အလိုက်ထောက်ပံ့ထားသော ဘဏ္ဍာငွေရရှိမှုများအား တင်ပြခြင်း၊ MEITI Long term Work Plan နှင့် ၂၀၂၀ ပြည့်နှစ်၊ မေလမှ စက်တင်ဘာလအထိ ဆောင်ရွက်ခဲ့သောလုပ်ငန်းစဉ်များနှင့် လျာထားသော လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အဆိုပြုတင်ပြခဲ့သည့် MEITI Work Plan အား အတည်ပြုခဲ့ကြပြီး MEITI Long Term Work Plan အား ကော်မတီဝင်များထံသို့ ဖြန့်ဝေ၍ အတည်ပြုချက်ပြန်လည်ရယူရန်လည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

အစည်းအဝေးသို့ လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီဝင်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) မှတာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှတာဝန်ရှိသူများ စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့သည်။