ဒုတိယအကြိမ် Validation Group အစည်းအဝေးကျင်းပခဲ့

Validation Group ၏ ဒုတိယအကြိမ်အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၈) ရက်နေ့၌ Online (Skype) မှတစ်ဆင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ MEITI Validation ရလဒ်များအား ဌာနဆိုင်ရာများမှ ဆောင်ရွက်ထားရှိမှုများနှင့် နောက်ဆုံးအခြေအနေများအား ဆွေးနွေးခြင်း၊ နိုင်ငံတကာ EITI ညှိနှိုင်းရေးမှူးရုံးမှလည်း Validation နှင့်ပတ်သက်၍ လုပ်ငန်းစဉ်၊ ဆောင်ရွက်ထားရှိရန်အချက်များနှင့် သက်ရောက်နိုင်မှုများအား ရှင်းလင်းတင်ပြခြင်း၊ Nathan Associates မှလည်း ပြုပြင်ပြောင်းလဲရမည့် လုပ်ဆောင်ချက်များအပေါ် လေ့လာထားရှိမှုများနှင့် အလားအလာရှိသည့် ထောက်ပံ့မှုများအား တင်ပြခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် Corrective Actions အချက်များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတ္တုတွင်းဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဥပဒေနှင့်မူဝါဒရေးရာဌာနကိုယ်စား ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံရေးဦးစီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပြည်တွင်းအခွန်များဦးစီးဌာန၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဘတ်ဂျက်ဌာနခွဲ၊ EITI ဌာနခွဲ (MOBD)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနအသီးသီးတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် Validation Group ၏ အစိုးရကဏ္ဍကိုယ်စားပြုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာနာလုပ်ငန်းရှင်များအသင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကိုယ်စားပြု Total E&P Myanmar အသီးသီးတို့မှ Validation Group ၏ ပုဂ္ဂလိကကဏ္ဍကိုယ်စားပြုအဖွဲ့ဝင်များနှင့် အသင်းချုပ်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာအရပ်ဘက်မဟာမိတ်အဖွဲ့မှ Validation Group ၏ အရပ်ဘက်ကဏ္ဍ ကိုယ်စားပြုအဖွဲ့ဝင်များနှင့် အရပ်ဘက်ကိုယ်စားလှယ်များ၊ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ Regional Director နှင့် Country Officer များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ခံများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စသည်ဖြင့် ယင်းအစည်းအဝေးသို့ တက်ရောက်သူပေါင်း (၃၀) ကျော်ရှိခဲ့ပါသည်။