covidမြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (NCS) ၏ ၁၉-၃-၂၀၂၀ ရက်နေ့တွင် ကျင်းပသော အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) နှင့်ပတ်သက်သည့် ရုံးတွင်းအရေးပေါ်အစည်းအဝေးအရ တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် (Contingency Plan)

၁။       နိုင်ငံတော်သမ္မတရုံး၏ ၁၃-၂-၂၀၂၀ ရက်စွဲပါ ပြည်သူသို့ ပန်ကြားချက် ကြေညာချက်အမှတ်        ၁/၂၀၂၀ ဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) အားကာကွယ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၃၀) ရက်နေ့အထိ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ မပြုလုပ်ကြရန် ကြေညာခဲ့ပါသည်။

၂။         NCS ရုံးအနေဖြင့်လည်း COVID – 19 ဆိုင်ရာအခြေအနေများကြောင့် ဧပြီလအတွင်း လျာထားသည့် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ အစရှိသည့် လူစုလူဝေးဖြင့် ပြုလုပ်ရမည့် လုပ်ငန်းစဥ်များအား ဧပြီလ (၃၀) ရက်နေ့အထိ ယာယီဆိုင်းငံ့ထားမည် ဖြစ်ပါသည်။

၃။        လက်ရှိ MEITI လုပ်ငန်းစဥ်များ စဥ်ဆက်မပြတ်စေရန် ၁၉-၃-၂၀၂၀ ရက်နေ့ မှ ၃၁-၃-၂၀၂၀ ရက်နေ့ အထိ NCS ရုံးဝန်ထမ်းများသည် လုပ်ငန်း လိုအပ်ချက်အရ အလှည့်ကျ ရုံးတက်ရောက်၍ ဆက်လက် ဆောင်ရွက်သွားပါမည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ NCS ရုံးဝန်ထမ်းများသည် ဖုန်း၊ အီးမေးလ်၊ Online Meeting များဖြင့် Work from Home လုပ်ဆောင်မည်ဖြစ်ပြီး EITI လုပ်ငန်းများကို ဆက်သွယ်ဆောင်ရွက်မည် ဖြစ်ပါသည်။

။        EITI လုပ်ငန်းစဥ်အရ အရေးပေါ်အစည်းအဝေးများ ခေါ်ဆိုရန် လိုအပ်လာပါက သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊  မြန်မာနိုင်ငံ EITI ဒုတိယညှိနှိုင်းရေးမှူး၊  စီမံကိန်း မန်နေဂျာတို့၏ ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

၅။        အထက်ဖော်ပြပါ သတ်မှတ်ကာလထက် ပိုမိုကြာမြင့်နိုင်ပါက သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ လမ်းညွှန်မှု MOBD နှင့် ဖွံ့ဖြိုးရေးမိတ်ဘက်အဖွဲ့အစည်းများထံ အကြံပြုချက်များကို တောင်းခံ၍ လိုအပ်သလို ဆက်လက် အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ပါသည်။

။        NCS ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအားလုံးသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ အတူနေမိသားစုဝင်များတွင်သော်လည်းကောင်း COVID – 19 သံသယဖြစ်ဖွယ် (သို့) ရောဂါ ခံစားနေရသည့် လက္ခဏာများ တွေ့ရှိလာပါက NCS ရုံးမှ တာဝန်ရှိသူများထံသို့ အကြောင်းကြားရန်နှင့် NCS ရုံးမှ သက်ဆိုင်ရာကျန်းမာရေးဌာနနှင့် ချိတ်ဆက်၍ လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၇။        အရေးပေါ်ကျန်းမာရေးအခြေအနေကြောင့် NCS ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း တစ်ဦးဦး နေထိုင်သည့်ဧရိယာတွင် သက်ဆိုင်ရာအာဏာပိုင်များမှ သွားလာခွင့်တားမြစ်ခြင်းများ ဖြစ်ပေါ် လာပါက ယင်းဝန်ထမ်းအား ခွင့်မဲ့အနေဖြင့် သတ်မှတ်မည် မဟုတ်ပါ။

။        နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာအာဏာပိုင်များ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ COVID-19 ဆိုင်ရာ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များ၊ ညွှန်ကြားချက်များအား NCS ရုံးအနေဖြင့် လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါသည်။