နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တွင်းထွက်သယံဇာတအရင်းအမြစ်များ ပိုမိုကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်စေရန်လည်းကောင်း၊ ပွင့်လင်းမြင်သာ၍ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ဖန်တီးပြီး အရည်အသွေး မြင့်မားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန်လည်းကောင်း၊ တွင်းထွက်သယံဇာတကဏ္ဍမှရရှိသော အခွန်ဘဏ္ဍာငွေများနှင့် လုပ်ငန်းများအား အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ အသိပေးရန်လည်းကောင်း၊ တွင်းထွက်သယံဇာတနှင့် ဆက်စပ်သော အခွန်အခစနစ်များ၊ ပြည်သူ့ဘဏ္ဍာစီမံအုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ပိုမိုအားကောင်းစေရန်လည်းကောင်း၊ တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ခြင်း ကိစ္စရပ်များကို နိုင်ငံတော်ကိုယ်စား ဦးစီးဆောင်ရွက်နိုင်ရေးအတွက် “မြန်မာနိုင်ငံ တွင်းထွက်သယံဇာတအရင်းအမြစ်တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ (Myanmar Extractive Industries Transparency Initiative Leading Committee)” ကို ပြင်ဆင်ဖွဲ့စည်းလိုက်ပါသည်။
Office No. 26, Ministry of Planning and Finance,
Budget Department,
Fiscal Policy, Strategy and EITI Division,
Thu Kha Main Street, Nay Pyi Taw
09-67-3410533, 09-400 888 123