Mining Cadaster ကဏ္ဍနှင့် ပတ်သတ်၍ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၃ ရက် နေ့တွင် နေပြည်တော်ရှိ သတ္တုတွင်းဦးစီးဌာနတွင် Mining Cadaster Consultant မှ လာရောက်ဆွေးနွေး အကြံပြုခြင်း အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
ယင်းအစည်းအဝေးပွဲတွင် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူနှင့် ညှိနှိုင်း ဖော်ဆောင်ရေး ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
လွတ်လပ်သောစာရင်းတိုက်ဆိုင်စစ်ဆေးသူ (Moore Stephens) မှပေးပို့လာ သော၂၀၁၄-၂၀၁၅နှင့် ၂၀၁၅-၂၀၁၆ မြန်မာနိုင်ငံEITI အစီရင်ခံစာ(မူကြမ်း) ပါထောက်ခံအကြံပြုချက်များ (Recommendations) များနှင့် အစီရင်ခံစာပါ အချက်အလက်များနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ (၈) ရက်တွင် နေပြည်တော်ရှိ Horizon Lake View Hotel တွင် အလုပ်ရုံဆွေးနွေးပွဲ အား ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်လောင်းနိုင်ငံ (Candidate Country) ဖြစ်ပြီး EITI လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ ပထမအကြိမ်အစီရင်ခံစာအား ၂၀၁၆ ဇန်နဝါရ်ီလတွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။ ယခုအခါ ဒုတိယ နှင့် တတိယမြောက် အစီရင်ခံစာအား ၂၀၁၈ ခုနှစ် မတ်လတွင် ထုတ်ပြန်နိုင်ရန် အတွက် ဆောင်ရွက်လျက်ရှိ ပါသည်။ အစီရင်ခံစာများ ထုတ်ပြန်ပြီးနောက် EITI လုပ်ငန်းစဉ် တစ်ခုအဖြစ် မြန်မာနိုင်ငံ၏ တိုးတက်မှု့ အခြေနေများကို လေ့လာဆန်းစစ် အတည်ပြုခြင်း လုပ်ငန်းစဉ် (Validation Process) များ ဆက်လက်ဆောင်ရွက်ကြမည် ဖြစ်ပါသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် နေပြည်တော် Horizon Lake View ဟိုတယ်၌ ၁၀ကြိမ်မြောက်သုံးပွင့် ဆိုင်ညွန့်ပေါင်းအစည်းအဝေးအား ကျင်းပြုလုပ် ခဲ့ပါသည်။
နယ်ပယ်သတ်မှတ်လေ့လာမှု (Scoping Study) နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေဆဲအခြေအနေများ နှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား တင်ပြခြင်း၊ ပထမဆုံးအကြိမ်ထုတ်ပြန်မည့် မြန်မာနိုင်ငံ EITI အစီရင်ခံစာထုတ်ပြန်ရေး နောက်ဆုံးသတ်မှတ်ရက် နှင့်စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားရန် လိုအပ်ချက်များအား တင်ပြခြင်း၊ MEITI Annual Activity Report ပြင်ဆင်ခြင်း လက်ရှိအခြေအနေများ အပါအဝင် MEITI အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလက်ရှိအခြေအနေများကို တင်ပြဆွေးနွေးရန် ရည်ရွယ်ပါသည်။
Publication
Media
Myanmar EITI
MyanmarEITI @ Copyright 2018