LANGUAGE :
What is EITI?
            တွင်း​ထွက်​သ​ယံ​ဇာ​တ​အ​ရင်း​အ​မြစ်များ​တူး​ဖော်​ထုတ်​လုပ်​ရေး​စက်​မှု​လုပ်​ငန်း​ပွင့်​လင်း​မြင်​သာ​မှု​ဖော်​ဆောင်​ရေး (​အီး​အိုင်​တီ​အိုင်) ​ဆို​သည်​မှာ ​ရေ​နံ၊​ဓါတ်​ငွေ့​နှင့် ​သ​တ္တု​တွင်း​ဖော်​ရေး​စက်​မှု​လုပ်​ငန်း​များ​တွင်​ပွင့်​လင်း​မြင်​သာ​မှု ​တာ​ဝန်​ယူ​မှု​များ​တွင် ​က​မ္ဘာ့​စံ​နှုန်း​တစ်​ခု​ဖြစ်​ပါ​သည်။ ​အီး​အိုင်​တီ​အိုင်​၏ ​ရည်​မှန်း​ချက်​မှာ ​သ​ဘာဝ​သ​ယံ​ဇာ​တ​အ​ရင်း​အ​မြစ်​များ​မှ ​ရ​ရှိ​သော​ဝင်​ငွေ​များ​အား ​ပွင့်​လင်း​စွာ​နှင့်​တာ​ဝန်​သိ​စွာ​စီ​မံ​ခန့်​ခွဲ​မှု​ကို ​ပို​မို​ကောင်း​မွန်​လာ​စေ​ရန် ​ရည်​မှန်း​ပါ​သည်။ ​ယင်း​သို့​စီ​မံ​ခန့်​ခွဲမှု​ကောင်း​မွန်​တိုး​တက်​လာ​သော​ကြောင့် ​နိုင်ငံ​နှင့်​အ​ခြား​နိုင်​ငံ​သား​များ​အ​တွက် ​ရှင်​သန်​မှု​နှင့် ​လူ​မှု​စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်​မှု​သို့ ၄င်း​တို့​ဦး​ဆောင်​သွား​နိုင်​မည်​ဖြစ်​ပါ​သည်။ ​အီး​အိုင်​တီ​အိုင်​က​အ​ခြေ​ခံ​ထား​သော ​သ​ဘောတ​ရား​များ​မှာ၊ ​သ​ယံ​ဇာ​တ​အ​ရင်း​အ​မြစ်​များ ကြွယ်ဝ​ချမ်း​သား​သည့် ​နိုင်​ငံ​သည် ​မ​ကြာခ​ဏ​ဆို​သ​လို​ပင်​ဆင်း​ရဲး​ဆုံး(​သ​ယံ​ဇာ​တ​ကျိန်​စာ) ​နိုင်​ငံ​များ​လည်း​ဖြစ်​နေ​တက်​ပါ​သည်။ ​အ​ကယ်​၍​အ​ကောင်း ​ဆုံး​စီ​မံ​ခန့်​ခွဲ​နိုင်​ခြင်း​မ​ရှိ​လျှင်၊ ​တွင်း​ထွက်​သ​ယံ​ဇာ​တ ​အ​ရင်း​အ​မြစ်​များ​တူ​ဖော်​ရေး​က​ဏ္ဍ​သည် ​အ​ဂ​တိ​ကိုယ်​စား​မှု ​ပ​ဋိ​ပက္ခ​နှင့်​ဆင်း​ရဲ​မှု​များ​ကို ​ပို​မို​ဖြစ်​ပေါ်​စေ​နိုင်​ပါ​သည်။ ​သို့​ရာ​တွင် ​ကောင်​မွန်​သော ​သ​ဘာဝ​သ​ယံ​ဇာ​တ​ရင်း​မြစ် ​များ​စီ​မံ​အုပ်​ချုပ်​သည့် ​လူ​မှု​ရေး​နှ​င့်​စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်​မှု​ကို ​ဦး​ဆောင်​နိုင်​ပါ​သည်။
အီး​အိုင်​တီ​အိုင်​စံ​နှုန်း​က ​အီး​အိုင်​တီ​အိုင်​အ​တွက် ​အ​ခြေ​ခံ​မူ​ဘောင်​ကို​ဖြည့်​ဆည်း​ပေး​ပါ​သည်။ ​ယင်း​တွင်​လို​အပ်​ချက် (၇)​ချက်​ပါ​ဝင်​ပါ​သည်။လေး​စား​လိုက်​နာ​သော ​နိုင်​ငံ​တစ်​နိုင်​ငံ​ဖြစ်​လာ​စေ​ရန်​အ​လို့​ငှာ၊​နိုင်​ငံ​တိုင်း​က​ယင်း​လို​အပ်​ချက်​များ ​ကို​အ​ကောင်​အ​ထည်​ဖေါ်​ရ​မည်​ဖြစ်​ပါ​သည်။ ​အီး​အိုင်​တီ​အိုင် ​နှစ်​ပတ်​လည်​အ​စီ​ရင်​ခံ​စာ​တစ်​ခု​ရေး​သား​ပြု​စု​ခြင်း​သည် ​အီး​အိုင်​တီ​အိုင်​လုပ်​ငန်း​စဉ်​၏ ​အ​ဓိ​က​လက်​ခ​ဏာ​တစ်​ရပ်​ဖြစ်​ပါ​သည်။ယင်း​ကို ​အီး​အိုင်​တီ​အိုင်​စံ​နှုန်း​တွင် ​အ​သေး​စိတ် ​ဖေါ်​ပြ​ထား​ပာ​သည်။
အီး​အိုင်​တီ​အိုင်​လုပ်​ငန်း​စဉ်​အား ​အ​စိုး​ရ​ကု​မ္ပ​ဏီ​များ​နှင့်​အ​ရပ်​ဘက်​ဆိုင်​ရာ ​လူ​မှု​အ​ဖွဲ့​အ​စည်း​များ​ပါ​ဝင်​သော ​သုံး​ပွင့်​ဆိုင် ​ညွ​နှ်​ပေါင်း​အ​ဖွဲ့​က​စောင့်​ကြည့်​စစ်​ဆေး​၍​အ​ကောင်​အ​ထည်​ဖော်​ပါ​သည်။ယင်း​အ​ဖွဲ့​က​မိ​မိ​နိုင်​ငံ​တွင် ​အီး​အိုင်​တီ​အိုင်​၏ ​နယ်​ပယ်​ကို ​မည်​ကဲ့​သို့​ရှိ​သင့်​သည်​ကို ​ဆုံး​ဖြတ်​ပေး​ပါ​သည်။က​မ္ဘာ​လုံး​ဆိုင်​ရာ​အ​ဆင့်​၌​နိုင်​ငံ​တ​ကာ ​အီး​အိုင်​တီ​အိုင် ​သုံး​ပွင့်​ဆိုင်​ညွ​နှ်​ပေါင်း​ဘုတ်​အ​ဖွဲ့​က ​လုပ်​ငန်း​စဉ်​ကို ​စောင့်​ကြည့်​စစ်​ဆေး​ပေး​ပါ​သည်။ ​လက်​ရှိ​အ​ချိန်​၌ ​အီး​အိုင်​တီ​အိုင် ​လုပ်​ငန်း​စဉ်​တွင်​ပါ​ဝင်​ဆောင်​ရွက်​နေ​သော ​နိုင်​ငံ​စု​စု​ပေါင်း​မှာ ​မြန်​မာ​နိုင်​ငံ​အ​ပါ​အ​ဝင် (၄၆)​နိုင်​ငံ​ရှိ​နေ​ပြီ​ဖြစ်​သည်။          ၂၀၁၄ ​ခု​နှစ် ​ဇူ​လိုင်​လ​တွင် ​မြန်​မာ​နိုင်​ငံ​သည် ​အီး​အိုင်​တီ​အိုင်​အ​ဖွဲ့​ဝင်​လောင်း ​နိုင်​ငံ​ဖြစ်​လာ​ခဲ့​ပါ​သည်။မြန်​မာ​နိုင်​ငံ​၏ ​ပ​ထ​မ​ဦး​ဆုံး ​အီး​အိုင်​တီ​အိုင်​အ​စီ​ရင်​ခံ​စာ​ကို၂၀၁၆ ​ခု​နှစ်​ဇန်​န​ဝါ​ရီ​လ​နောက်​ဆုံး​ထား​ပြီး​တင်​ပြ​ရ​မည်​ဖြစ်​သည်။
မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်
            ၂၀၁၄ ​ခု​နှစ်​ဇူ​လိုင်​လ​တွင် ​မြန်​မာ​နိုင်​ငံ​သည် ​အီး​အိုင်​တီ​အိုင်​အ​ဖွဲ့​ဝင်​လောင်း ​နိုင်​ငံ​ဖြစ်​လာ​ခဲ့​ပါ​သည်။ပ​ထ​မ​ဆုံး​အ​စီ​ရင်​ခံ​စာ​ကို ၂၀၁၆ ​ဇန်​န​ဝါ​ရီ​လ​နောက်​ဆုံး​ထား​၍​ရေး​သား​တင်​ပြ​ရ​မည်​ဖြစ်​သည်။မြန်​န​မာ​နိုင်​ငံ ​အီး​အိုင်​တီ​အိုင် ​သုံး​ပွင့်​ဆိုင်​ညွ​နှ့်​ပေါင်း​အ​ဖွဲ့ (​အမ်​အက်စ်​ဂျီ) ​သည် ​မြန်​မာ​နိုင်​ငံ ​အီး​အိုင်​တီ​အိုင် ​သုံး​နှစ်​လုပ်​ငန်း​စီ​မံ​ကိန်း​ကို ​အ​ကောင်​အ​ထည်​ဖေါ်​ဆောင်​လျက်​ရှိ​ပါ​သည်။နောက်​ခံ ​အ​ကြောင်း​အ​ရာ​အား​ဖြင့်​ပြော​ရ​လျှင်​မြန်​မာ​နိုင်​ငံ​သည် ၂၀၁၂​ခု​နှစ်​ပိုင်း​မှ​စ​တင်​၍ ​ထူး​ခြား​သိ​သာ​သော​တိုး​တက်​မှု​ကို​ပြု​လုပ် ​ခဲ့​ပါ​သည်။ ​သ​မ္မ​တ​ဦး​သိန်း​စိန်​က ​မြန်​မာ​နိုင်​ငံ​အား ​အီး​အိုင်​တီ​အိုင်​အ​ဖွဲ့​ဝင်​လောင်း​နိုင်​ငံ​ဖြစ်​လာ​စေ​ရန်​က​တိ​က​ဝတ်​ပြု​ပါ​ကြောင်း ​တ​ရား​ဝင်​ထုတ်​ဖော်​ပြော​ကြား​ခဲ​ပြီး ​သ​မ္မ​တ​ရုံး ​ဒီ​ဂ​ရီ​အ​မိန့်​အ​မှတ်၉၉/၂၀၁၂​ကို​ထုတ်​ပြန်​ခဲ့​ပါ​သည်။ ​အ​စိုး​ရ​က(​သ​မ္မ​တ​ရုံး​ဝန်​ကြီး​က​ဥ​က္က​ဌ​အ​ဖြစ် ​ဆောင်​ရွက်​သော) ​ဦး​ဆောင်​ကော်​မ​တီ​ကို ​တည်​ထောင်​ဖွဲ​စည်း​ခဲ့​ပါ​သည်။ ​ပ​ထ​မ​ဦး​စီး​အ​စီ​ရင်​ခံ​က ​ထွက်​ရှိ​သည့်​တိုင်​အောင် ​မြန်​မာ​နိုင်​ငံ ​အီး​အိုင်​တီ​အိုင် ​ညှိ​နှိုင်း​ဖေါ်​ဆောင်​ရေး​ရုံး​အား​မြန်​မာ​နိုင်​ငံ​ဖွံ့​ဖြိုး​ရေး​အ​ရင်း​အ​မြစ်​ဌာ​န​၏ ​စိး​ပွား​ရေး​နှင့်​လူ​မှု​ရေး​ဖွံ့​ဖြိုး​မှု​ဗ​ဟို​ဌာ​န​အား​တာ​ဝန်​ပေး ​ဖွင့်​လှစ်​စေ​ခဲ့​ပါ​သည်။၂၀၁၃ ​ခု​နှစ်​တွင် ​အ​စိုး​ရ​က​ဝန်​ကြီး​ဌာ​န​အ​ချင်း​ချင်း ​ချိတ်​ဆက်​ဆောင်​ရွက်​နုင်​မည့်​လုပ်​ငန်း​ကော်​မ​တီ​ကို ​ဖွဲ့​စည်း​ပေး​ခဲ့​ပါ​သည်။၂၀၁၃ ​ခု​နှစ်​တစ်​လျောက်​လုံး​တွင် ​သိ​သာ​ထင်​ရှား​သော​တိုး​တက်​မှု​များ​ကို​ဆောင်​ရွက်​ခဲ့​ကြ​ပါ​သည်။ ၂၀၁၄ ​ခု​နှစ်​ဇူ​လိုင်​လ​၌ ​အီး​အိုင်​တီ​အိုင်​အ​ဖွဲ့​ဝင်​လောင်း​နိုင်​ငံ​အ​ဖြစ် ​မည်​သည့်​နိုင်​င့​မ​ဆို ​စာ​ရင်း​ဖါင့်​ရာ​တါင်​လို​အပ်​သည့် ​အ​ဆင့်(၄)​ဆင့်​ကို​ကိုက်​ညီ​အောင်ဆောင်​ရွက်​ရန်​မြန်​မာ​နိုင်​ငံ​သည်​အ​သင့်​အ​နေ​ထား​သို့​ရောက်​ရှီ​ခဲ့​ပါ​သည်။
            ၂၀၁၄​ခု​နှစ်​မေ​လ​တွင် ​မြန်​မာ​နိုင်​ငံ​က ​အီး​အိုင်​တီ​အိုင်​အ​ပြည်​ပြည်​ဆိုင်​ရာ​ဘုတ်​အ​ဖွဲ့​သို့ ​အီး​အိုင်​တီ​အိုင်​အ​ဖွဲ့​ဝင်​လောင်း​နိုင်​ငံ​တစ်​ငံ ​အ​ဖြစ်​လက်​ခံ​ခွင့်​ပြု​ရန် ​လျောက်​လွှာ​ကို​တင်​သွင်း​ခဲ့​ပါ​သည်။၂၀၁၄ ​ခု​နှစ်​ဇူ​လိုင်​လ​အ​စော​ပိုင်း​တွင်း​မက်​ဆီ​ကို​နိုင်​ငံ​တွင်​ကျင်း​ပ​သော ​အီး​အိုင်​တီ​အိုင်​ဘုတ်​အ​ဖွဲ့​၏ (၂၇)​ကြိမ်​မြောက်​အ​စည်း​အ​ဝေး​၌ ​မြန်​မာ​နိုင်​ငံ​၏​လျောက်​လွှာ​ကို ​စစ်​ဆေး​၍ ​အီး​အိုင်​တီ​အိုင်​အ​ဖွဲ့​ဝင်​လောင်း​နိုင်​ငံ ​အ​ဖြစ်​ဘုတ်​အ​ဖွဲ့​က ​အ​တည်​ပြု​ပေး​ခဲ့​ပါ​သည်။ ​မြန်​မာ​နိုင်​ငံ​၏ ​ပ​ထ​မ​ဦး​ဆုံး ​အီး​အိုင်​တီ​အိုင်​အ​စီ​ရင်​ခံ​စာ​ကို ၂၀၁၆​ခု​နှစ်​ဇန်​န​ဝါ​ရီ​လ​နောက်​ဆုံး ​ထား​တင်​သွင်း​ရန်​ခွင့်​ပြု​ခဲ့​ပါ​သည်။မြန်​မာ​နိုင်​ငံ​အ​နေ​ဖြင့် ​အီး​အိုင်​တီ​အိုင် ​လို​အပ်​ချက်(၇)​ချက်​ကို​ပြည့်​မီ​ရန် ၂၀၁၇​ခု​နှစ်​ဇန်​န​ဝါ​ရီ​လ​တိုင်​အောင် ​အ​ချိန်​ရ​ရှိ​ပြီး ​အီး​အိုင်​တီ​အိုင်​လေး​စား​လိုက်​နာ​သော ​နိုင်​ငံ​အ​ဆင့်​အ​တန်း​သို့​ရောက်​ရှိ​မည်​ဖြစ်​ပါ​သည်။ ​အီး​အိုင်​တီ​အိုင်​ဘုတ်​အ​ဖွဲ့​၏​လာ​မည့်​အ​စည်း​အ​ဝေး​ကို​မြန်​မာ​နိုင်​ငံ​တွင် ​အောက်​တို​ဘာ​လ၁၄-၁၅​ရက်​တို့​တွင်​ကျင်း​ပ​မည်​ဖြစ်​ပါ​သည်။ ​မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင် ​သုံး​ပွင့်​ဆိုင်​ညွ​နှ့်​ပေါင်း​အ​ဖွဲ့​မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​၏ ​သုံး​ပွင့်​ဆိုင်​ညွ​နှ့်​ပေါင်း​အ​ဖွဲ့ (MSG)ကို၂၀၁၄​ခု​နှစ် ​ဇန်​န​ဝါ​ရီ​လ​တွင်​ဖွဲ့​စည်း​ခဲ့​ပါ​သည်။ယင်း​အ​ဖွဲ့​တွင်​အ​စိုး​ရ၊ ​အ​ရပ်​ဘက်​ဆိုင်​ရာ ​လူ​မှု​အ​ဖွဲ့​အ​စည်း​များ​နှင့်​ပု​ဂ္ဂ​လိ​က ​က​ဏ္ဍ​တို့​မှ ​ကိုယ်​စား​လှယ် (၂၁)​ဦး ​ပါ​ဝင်​ဖွဲ့​ဟည်း​ထား​ပါ​သည်။ ​ယ​ခု​အ​ခါ ​သုံး​ပါင့်​ဆိုင်​ညွ​နှ်​ပေါင်း​အ​ဖွဲ့(​အမ်​အက်စ်​ဂျီ) ​သည် ​စီ​မံ​ကိန်း​ကို​အ​ကောင်​အ​ထည်​ဖေါ်​လျက်​ရှိ​ပြီး ​မြန်​မာ​နိုင်​ငံ​၏​ပ​ထ​မ​ဆုံး ​အီး​အိုင်​တီ​အိုင်​အ​စီ​ရင်​ခံ​စာ​ကို ​ရေး​သား​ထုတ်​ဖော်​ရန်​ပြင်​ဆင်​မှု​များ​ပြု​လုပ်​လျက်​ရှိ​ပါ​သည်။၂၀၁၄​ခု​နှစ်​သြ​ဂုတ်​လ ​တွင်​ကျင်း​ပ​ပြု​လုပ်​ခဲ့​သော ​ပ​ဉ္စ​မ​အ​ကြိမ်​အ​စည်း​အ​ဝေး​၌ ​အောက်​ဖော်​ပြ​ပါ ​ဆပ်​ကော်​မ​တီ(၃)​ခု​ကို​ဖွဲ့​စည်း​ရန် ​သုံး​ပွင့်​ဆိုင်​ညွ​နှ့်​ပေါင်း​အ​ဖွဲ့​က ​သ​ဘော​တူ​ခဲ့​က​ပါ​သည်။
            ၁။ ​နည်း​ပ​ညာ​နှင့်​အ​စီ​ရင်​ခံ​စာ​တင်​ပြ​ရေး​ဆပ်​ကော်​မ​တီ
            ၂။ ​လုပ်​ငန်း​စီ​မံ​ကိန်း​နှင့်​စီ​မံ​အုပ်​ချုပ်​မှု​ဆပ်​ကော်​မ​တီ
            ၃။ ​ဆက်​သွယ်​ရေး​နှင့်​ကျယ်​ပြန့်​စွာ​ရောက်​ရှိ​ထောက်​ကူ​မှု​ဆပ်​ကော်​မ​တီ
သုံး​ပွင့်​ဆိုင်​ညွ​နှ့်​ပေါင်း​အ​ဖွဲ့(​အမ်​အက်စ်​ဂျီ) MSG ​၏​ဖွဲ့​စည်း​ပါ​ဝင်​မှု​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​ပါ​သည်
မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​အ​ဖွဲ့ ​အမ်​အက်စ်​ဂျီ​ဒုတိယဥ​က္က​ဌ ​ဒေါက်​တာ​မောင်​မောင်​သိမ်း​ဒု​တိ​ယ​ဝန်း​ကြီး​ဘ​ဏ္ဍ​ရေး​ဝန်​ဌာ​န
မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​အ​ဖွဲ့​အမ်​အက်စ်​ဂျီ​ဥ​က္က​ဌ ​ဦး​မြင့်​ဇော် ​ဒု​တိ​ယ​ဝန်​ကြီး​စွမ်း​အင်​ဌာ​န
မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​ အ​မျိုး​သား​ညှိနှိုင်း​ဖော်​ဆောင်​ရေး ​ဒေါက်​တာ​ဇော်​ဦး၊ အ​မှု​ဆောင်​ညွ​နှ်​ကြား​ရေး​မှုး၊ ​MDRI-CESD
အ​စိုး​ရ​ဌာ​န​ဆိုင်​ရာ​ကိုယ်​စား​လှယ်(၆)​ဦး
1)    ညွှန်​ကြား​ရေး​မှူး​ချုပ်၊​အ​ထွေ​ထွေ​အုပ်​ချုပ်​ရေး​ဦး​စီး​ဌာ​န၊​ပြည်​ထဲ​ရေး​ဝန်​ကြီး​ဌာ​န
2)    ညွှန်​ကြား​ရေး​မှူး​ချုပ်၊​သစ်​တော​ဦး​စီး​ဌာ​န၊​ပတ်​ဝန်း​ကျင်​ထိန်း​သိမ်း​ရေး​ဌာ​န
3)    ညွှန်ကြား​ရေး​မှူး​ချုပ်၊​မြန်​မာ့​ရေ​နံ​နှင့်​ဓာတ်​ငွေ့​လုပ်​ငန်း၊​စွမ်း​အင်​ဝန်​ကြီး​ဌာ​န
4)    ညွှန်​ကြား​ရေး​မှူး​ချုပ်၊​သ​တ္တု​တွင်း​ဦး​စီး​ဌာ​န၊ ​သ​တ္တု​တွင်း​ဝန်​ကြီး​ဌာ​န
5)    ညွှန်ကြား​ရေး​မှူး​ချုပ်၊​ပြည်​တွင်း​အ​ခွန်း​ဦး​စီး​ဌာ​န၊​ဘ​ဏ္ဍ​ရေး​ဝန်​ကြီး​ဌာ​န
6)    ညွှန်ကြား​ရေး​မှူး​ချုပ်၊​ပြည်​ထောင်​စု​ရှေ့​နေ​ချုပ်​ရုံး
ပု​ဂ္ဂ​လိ​က ​က​ဏ္ဍ-​ရေ​နံ​နှင့်​ဓါတ်​ငွေ့(၄)​ဦး
1)    Total E&P Myanmar
2)    PC Myanmar (Hong Kong) Limited – Petronas
3)    MPRL E&P Pte Ltd.
4)   GoldPetrol Joint Operating Company Inc.
ပု​ဂ္ဂ​လိ​က ​က​ဏ္ဍ-​သတ္တုတွင်း(၂)​ဦး
1)   CNMC Nickel Co. Ltd.
2)   Myanmar Federation of Mining Associations (MFMA)
အရပ်ဘက်အဖွဲ့အစည်းများ
1)   KESAN (Kayin)
2)   Green Trust (Pyin Oo Lwin)
3)   Eco Dev/Advancing Life and Regenerating Motherland (ALARM)
4)   Paung Ku
5)   Sein Young So (Mandalay)
6)   88 Generation (Peace and Open Society)
7)   Won Latt Foundation (Rakhine)
8)   Shwe Gas Movement
9)   Dawei Development Foundation (DDA)
အမ်အီးအိုင်တီအိုင်အချိန်ဇယားနှင့်အောင်မြင်မှုမှတ်တိုင်များ
၂၀၁၂ ​ခု​နှစ် ​ဒီ​ဇင်​ဘာ​လ
မြန်​မာ​နိုင်​ငံ​အား၊​အီး​အိုင်​တီ​အိုင်​အ​ဖွဲ့​ဝင်​လောင်း​နိုင်​ငံ​တစ်​နိုင်​ငံ​ဖြစ်​လာ​စေ​ရေး​အ​တွက် ​အ​စိုး​ရ​က ​က​တိ​က​ဝတ်​ပြု​မှု​ကို ​တ​ရား​ဝင်​ဖော်​ပြ​ခဲ့​သည်။သ​မ္မ​တ​ရုံး​၏​ဒီ​က​ရီ​အ​မိန့်​အ​မှတ်၉၉/၂၀၁၂​ဖြင့်​အ​စိုး​ရ​က​လုပ်​ငန်း​စဉ်​ကို​စောင့်​ကြည့်​လေ့​လာ ​ရန်​ဦး​ဆောင်​ကော်​မ​တီ​ကို​ဖွဲ့​စည်း​တည်​ထောင်​ခဲ့​ပြီး​အမ်​အာရ်​အိုင်-​စီ​အီး​အက်စ်​ဒီ​က​ ညှိနှိုင်း​ဖေါ်​ဆောင်​ရေး​မှူး​အ​ဖြစ် ​အ​ကူ​အ​ညီ​ပေး​ရန်​တာ​ဝန်​ပေး​ခဲ့​ပါ​သည်။
၂၀၁၃ ​ခု​နှစ်
ဧ​ပြီ​လ    
အီး​အိုင်​တီ​အိုင်​လုပ်​ငန်း​စဉ်​ဖွံ​ဖြိုး​တိုး​တက်​မှု​ကို​ဦး​ဆောင်​ရန်​ဝန်​ကြီး​ဌာ​န​အ​ချင်း​ချင်း​ချိတ်​ဆက်​ဆောင်​ရွက်​နိုင်​မည့်​အ​စိုး​ရ​၏ ​လုပ်​ငန်း​ကော်​မ​တီ​တစ်​ခု​ကို ​အ​စိုး​ရ​၏​ဦး​ဆောင်​ကော်​မ​တီ​က​ဖွဲ့​စည်း​တာ​ဝန်​ပေး​ခဲ့​အပ်​ခဲ့​ပါ​သည်။
၂၀၁၃ ​ခု​နှစ် ​ဇူ​လိုင်​လ​မှ​အောက်​တို​ဘာ​လ​ထိ        
အီး​အိုင်​တီ​အိုင်​၏​ကျယ်​ပြန့်​စွာ​ရောက်​ရှိ​ရေး​အ​စီ​အ​စဉ်​အ​သီး​သီး​ကို​မွန်​ပြည်​နယ်၊​ရ​ခိုင်​ပြည်​နယ်၊​တ​န​င်္သာ​ရီ​တိုင်း​ဒေ​သ​ကြီး
နှင့်​ရှမ်း​ပြည်​နယ်​များ​သို့​သွား​ရောက်​ဆောင်​ရွက်​ခဲ့​ပါ​သည်။ 
၂၀၁၃ ​ခု​နှစ် ​သြ​ဂုတ်​လ​မှ​စက်​တင်​ဘာ​လ​ထိ        
ရန်​ကုန်​မြို့​တွင်​အ​စိုး​ရ​နှင့်​အ​ရပ်​ဘက်​ဆိုင်​ရာ​လူ​မှု​အ​ဖွဲ့​အ​စည်း​များ​အ​တွက်​အီး​အိုင်​တီ​အိုင်​အ​လုပ်​ရုံ​ဆွေး​နွေး​ပွဲ​များ​နှင့် ​သင်​တန်း​များ​ကျင်း​ပ​ပေး​ခဲ့​ပါ​သည်။
၂၀၁၃ ​ခု​နှစ် ​အောက်​တို​ဘာ​လ
ရန်​ကုန်​မြို့​တွင်​အီး​အိုင်​တီ​အိုင်​နှင့်​ပတ်​သက်​၍​အ​မျိုး​သား​အ​ဆင့်​အ​ရပ်​ဘက်​ဆိုင်​ရာ​လူ​မှု​အ​ဖွဲ့​အ​စည်း​အ​လုပ်​ရုံ​ဆွေး​နွေး​ပွဲ​ကို ​ကျင်း​ပ​ခဲ့​ပြီး​အီး​အိုင်​တီ​အိုင်​လုပ်​ငန်း​စဉ်​ကို​အ​ထောက်​အ​ကူ​ပြု​ရေး​နှင့်​စပ်​လျဉ်​ရှင်​သန်​မှု​နှင့်​ရွေး​ချယ်​စ​ရာ​နည်း​လမ်း​များ​ကို ​ဆွေး​နွေး​ခဲ့​ကြ​ပါ​သည်။
၂၀၁၃ ​ခု​နှစ် ​အောက်​တို​ဘာ​လ​မှ​နို​ဝင်​ဘာ​ထိ         
အ​စိုး​ရ​အ​ရပ်​ဘက်​ဆိုင်​ရာ​လူ​မှု​အ​ဖွဲ့​အ​စည်း​များ​လွ​တှ်​တော်​ကိုယ်​စား​လှယ်​များ၊​စာ​နယ်​ဇင်း​ဆိုင်​ရာ ​ကိုယ်​စား​လှယ်​များ ​နှင့် ​ပ​ဂ္ဂ​လိ​က​ဆု​က​ဏ္ဍ​မှ​ပ​ဂ္ဂိုလ်​များ​အ​ပါ​အ​ဝင်၊ ​ဆက်​စပ်​ပတ်​သက်​သူ​အ​မျိုး​မျိုး​အ​တွက် ​သင်​တန်း​များ​နှင့် ​အ​လုပ်​ရုံ​ဆွေး​နွေး​ပွဲ​များ​ကျင်း​ပြု​လုပ်​ပေး​ခဲ့​ပါ​သည်။
၂၀၁၃ ​ခု​နှစ် ​နို​ဝင်​ဘာ​လ        
ဆက်​စပ်​သူ​အား​လုံး​ကို​အား​လုံး​ကို​ပါ​ဝင်​သော​အ​စည်း​အ​ဝေး​တစ်​ရပ်​ကို​ပြည်​ထောက်​စု​ဝန်​ကြီး​ဦး​စိုး​သိန်း​မှ​သ​ဘာ​ပ​တိ​အ​ဖြစ်​ဆောင်​ရွက်​လျက်(​အ​ကြီး​တန်း​အ​စိုး​ရ၊​ပု​ဂ္ဂ​လိ​က​က​ဏ္ဍ​နှင့်​အ​ရပ်​ဘက်​ဆိုင်​ရာ​လူ​မှု​အ​ဖွဲ့​အ​စည်း​မှ​ကိုယ်​စား​လှယ်​များ​ပါ​ဝင် ​တက်​ရောက်​သည်။) ​နေ​ပြည်​တော်​တွင်​ကျင်း​ပ​ပြု​လုပ်​ခဲ့​ပြီး၊ ​အီး​အိုင်​တီ​အိုင်​အ​ကောင်​အ​ထည်​ဖေါ်​ရန် ​အ​တူ​တ​ကွ​လုပ်​ကိုင် ​ဆောင်​ရွက်​ကြ​ရန်​သ​ဘော​တူ​ညီ​ခဲ့​ကြ​ပါ​သည်။
၂၀၁၃ ​ခု​နှစ် ​ဒီ​ဇင်​ဘာ​လ        
အီး​အိုင်​တီ​အိုင် ​အ​ပြည်​ပြည်​ဆိုင်​ရာ​ဘုတ်​အ​ဖွဲ့​ဥ​က္က​ဋ္ဌ​လေး​စား​အပ်​ပါ​သော​က​ရဲရ်​ရှော့()​မြန်​မာ​နိုင်​ငံ​သို့​ပ​ထ​မ​အ​ကြိမ်​အ​ဖြစ် ​တ​ရား​ဝင်​ခ​ရီး​စဉ်​အ​ဖြစ်​ရောက်​ရှိ​လာ​ပါ​သည်။ ​သ​မ္မ​တ​နှင့်​တွေ့​ဆုံ​ပါ​သည်။နေ​ပြည်​တော်​၌​ကျင်း​ပ​သော​ဆက်​စပ်​ပတ်​သက်​သူ ​များ​အ​စည်း​အ​ဝေး​ကြီး​တွင်​တွေ့​ဆုံ​ပါ​သည်။ ​ယင်း​အ​စည်း​အ​ဝေး​ကြီး​တွင် ​ဦး​စား​ပေး​ဆောင်​ရွက်​သည့်​ကိ​စ္စ​များ​နှင့်​ရှေ့​ဆက်​လျှောက်​လှန်း​ရ​မည့်​အ​ဆင့်​များ​ကို​သ​ဘော​တူ​ညီ​ခဲ့​ကြ​သည်။
မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​၏ ​သုံး​ပွင့်​ဆိုင်​ညွ​နှ့်​ပေါင်း​အ​ဖွဲ့(​အမ်​အက်စ်​ဂျီ) ​အ​တွက်​ဆက်​စပ်​ပတ်​သက်​သူ​အ​စု​အ​ဖွဲ့​တစ်​ခု​စီ (​အ​စိုး​ရ၊ ​ပု​ဂ္ဂ​လိ​က​က​ဏ္ဍ​နှင့် ​အ​ရပ်​ဘက်​ဆိုင်​ရာ​လူ​မှု​အ​ဖွဲ့​အ​စည်း​များ) ​က၄င်း​တို့​၏ ​ကိုယ်​စား​လှယ်​များ​ကို ​အ​ဆို​ပြု​ခဲ့​ကြ​ပါ​သည်။
၂၀၁၄ ​ခု​နှစ် ​ဇန်​န​ဝါ​ရီ​လ        
သုံး​ပွင့်​ဆိုင်​ညွ​နှ့်​ပေါင်း​အ​ဖွဲ့(​အမ်​အက်​ဂျီ)​အား ​အ​ဖွဲ့​ဝင် ၂၁ ​ဦး​ဖြင့်​တ​ရား​ဝင်​ဖွဲ့​စည်း​ခဲ့​ပါ​သည်။ (​အ​စိုး​ရ​ကိုယ်​စား​လှယ် ၆ ​ဦး၊ ​ပု​ဂ္ဂ​လိ​က​ကိုယ်​စား​လှယ် ၆ ​ဦး ​နှင့် ​အ​ရပ်​ဘက်​ဆိုင်​ရာ ​လူ​မှု​အ​ဖွဲ့​စည်း​ကိုယ်​စား​လှယ် ၉ ​ဦး) ​ပေါင် (​စူ​ကျ) ​ဥ​က္က​ဌ၊​ဒု​တိ​ယ ​ဥ​က္က​ဌ​နှင့်​အ​မျိုး​သား​ညှိ​နှိုင်း​ဖော်​ဆောင်​ရေး​မှုး​တို့​ပါ​ဝင်​သည်။
၂၀၁၄ ​ခု​နှစ် ​ဖေ​ဖော်​ဝါ​ရီ​လ
ပ​ထ​မ​ဦး​ဆုံး ​သုံး​ပွင့်​ဆိုင်​ညွ​နှ့်​ပေါင်း​အ​စည်း​အ​ဝေး​ကို​ကျင်း​ပ​ခဲ့​သည်။ (​ယင်း​အ​စည်း​အ​ဝေး​နောက်​ပိုင်း​တွင်​ပုံ​မှန်​အား​ဖြင့်​ရက်​သ​တ္တ၈​ပါတ် ​လျှင်​တစ်​ကြိမ်​အ​စည်း​အ​ဝေး​ကျင်း​ပ​ခဲ့​ကြ​ပါ​သည်။)
၂၀၁၄ ​ခု​နှစ် ​ဖေ​ဖော်​ဝါ​ရီ​လ​မှ​ဧ​ပြီ​လ​ထိ
သုံ​ပွင့်​ဆိုင်​ညွ​နှ့်​ပေါင်း​အ​ဖွဲ့(​အမ်​အက်ခ်​ဂျီ) ​သည်​အမ်​ဒီ​အိုင်-​စီ​အီး​အက်စ်​ဒီ ​မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင် ​ညှိ​နိုင်း​ဖော်​ဆောင်​ရေး​ရုံး​၏ ​တူ​ညီ​မှု​ဖြင့် ​မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​လုပ်​ငန်း​စီ​မံ​ကိန်း​နှင့်​အမ်​အက်စ်​ဂျီ​၏​တာ​ဝန်​သက်​မှတ်​ချက်(​အ​စ​မ)​တို့​ကို​ပြု​စု​ရေး​ဆွဲး​ခဲ့​ပြီး ​မြန်​မာ​နိုင်​ငံ​၏ ​အီး​အိုင်​တီ​အိုင် ​အ​ဖွဲ့​ဝင်​လောင်း​နိုင်​ငံ​လျှောက်​ထား​လွှာ​ကို​ပြု​စု​ရေး​သား​ခဲ့​ပါ​သည်။
၂၀၁၄ ​ခု​နှစ် ​ဧ​ပြီ​လ
အ​ဖွဲ့​ဝင်​လောင်း​နိုင်​ငံ​လျှောက်​ထား​လွှာ​ကို ​သတ်​မှတ်​ရေး​သား​ခဲ့​ပြီး ​အမ်​အက်စ်​ဂျီ​က​အ​တည်​ပြု​ခဲ့​ပါ​သည်။
၂၀၁၄ ​ခု​နှစ် ​မေ​လ
အီး​အိုင်​တီ​မ​အိုင်​အ​ဖွဲ့​ဝင်​လောင်း​နိုင်​ငံ​လျှောက်​လွှာ​ကို ​အ​ပြည်​ပြည်​ဆိုင်​ရာ​အီး​အိုင်​တီ​အိုင်​အ​တွင်း​ရေး​မှူး​ရုံး​သို့ ​တင်​ပြ ​လျှောက်​ထား​ခဲ့​ပါ​သည်။
၂၀၁၄ ​ခု​နှစ် ​မေ​လ rS ​ဇွန်​လ ​ထိ
အ​ပြည်​ပြည်​ဆိုင်​ရာ​အီး​အိုင်​တီ​အိုင်​ရုံး​နှင့်​ဘုတ်​အ​ဖွဲ့​ဝင်​များ​က ​မြန်​မာ​နိုင်​ငံ​၏​အီး​အိုင်​တီ​အိုင်​အ​ဖွဲ့​ဝင်​လောင်း​နိုင်​ငံ​အ​ဖြစ် ​လျှောက်​ထား​လွှာ​ကို ​သုံး​သပ်​ကြ​ပြီး ​ဇု​လိုင်​လ​တွင်​ကျင်း​ပ​မည့် ​အီး​အိုင်​တီ​အိုင်​ဘုတ်​အ​ဖွဲ့ ​အ​စည်း​အ​ဝေး​သို့​တင်​ပြ​ရန် ​အ​တွက်​ပြင်​ဆင်​ပါ​သည်။
၂၀၁၄ ​ခု​နှစ် ​ဇူ​လိုင်​လ ၁​ရက်-၂​ရက်
မ​က္က​စီ​ကို​တွင် ​အီး​အိုင်​တီ​အိုင်​ဘုတ်​အ​ဖွဲ့​အ​စည်း​အ​ဝေး​ကို​ကျင်း​ပ​ခဲ့​ပါ​သည်။မြန်​မာ​နိုင်​ငံ​၏​အီး​အိုင်​တီ​အိုင်​အ​ဖွဲ့​ဝင်​လောင်း ​နိုင်​ငံ​လျှောက်​ထား​မှု​ကို​သုံး​သပ်​ပါ​သည်။
၂၀၁၄ ​ခု​နှစ် ​ဇူ​လိုင်​လ ၂​ရက်
အီး​အိုင်​တိ​အိုင်​ဘုတ်​အ​ဖွဲ့​က ​မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​ပေါ်​တွင်​ဆုံး​ဖြတ်​ချက်​ချ​မှတ်​ပါ​သည်။ ​အ​ဖွဲ့​ဝင်​လောင်း​နိုင်​ငံ ​အ​ဆင့်​အ​တန်း​အပ်​နှင်း​ပါ​သည်။ ​မြန်​မာ​နိုင်​ငံ​အီ​အိုင်​တီ​အိုင်​ညှိ​နှိုင်း​ဖေါ်​ဆောင်​ရေး(​အ​မျိုး​သား​အ​ဆင့်​အ​တွင်း​ရေး​မှူး​ရုံး)​ကို ​ဘ​ဏ္ဍ​ရေး​ဝန်​ကြီး​ဌာ​န​သို့ ​အ​မြန်​ဆုံး​အ​သွင်​ကူး​ပြောင်း​ရန်​တိုက်​တွန်း​အား​ပေး​ပါ​သည်။
၂၀၁၄ ​ခု​နှစ် ​သြ​ဂုတ်​လ
သုံး​ပွင့်​ဆိုင်​ညွ​နှ်​ပေါင်း​အ​ဖွဲ့​၏​ပ​ဉ္စ​မ​အ​ကြိမ်​အ​စည်း​အ​ဝေး​ကို​ဘုတ်​အ​ဖွဲ့​ဝင်​လောင်း​နိုင်​ငံ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ခံ​ရ​ပြီး ​နောက်​ပ​ထ​မ​ဆုံး​ကျင်း​ပ​ခြင်း​ဖြစ်​ပါ​သည်။နည်း​ပ​ညာ​နှင့်​အ​စီ​ရင်​ခံ​စာ​တင်​ပြ​ရေး​ဆပ်​ရေး​ကော်​မ​တီ​လုပ်​ငန်း​စီ​မံ​ကိန်း​နျင့်​စီ​မံ​အုပ်​ချုပ်​မှု ​ဆပ်​ကော်​မ​တီ​ဆက်​သွယ်​ရေး​နှင့်​ကျယ်​ပြန့်​စွာ​ရောက်​ရှိ​ထောက်​ကူ​မှု​ဆပ်​ကော်​မ​တီ
၂၀၁၄ ​ခု​နှစ် ​စက်​တင်​ဘာ​လ​မှ ၂၀၁၅ ​ခု​နှစ် ​အောက်​တို​ဘာ​လ​ထိ
အမ်​အက်စ်​ဂျီ​အာ​က ​အီး​အိုင်​တီ​အိုင်​၏​နယ်​ပယ်​အ​ကျယ်​အ​ဝန်း (​မည်​သည့်​က​ဏ္ဍ​များ၊ ​မည်​သည့်​ကု​မ္ပ​ဏီ​များ၊ ​မည်​သည့်​ငွေ​ပေး​ချေ​မှု​အ​မျိုး​အ​စား​များ​နှင့်(​အ့​မ​နျ့​သျို)​ကို ​ပိုင်း​ဖြတ်​ရန်​အ​တွက်‘‘​နယ်​ပယ်​လေ့​လာ​မှု’’ ​တစ်​ရပ်​ကို​ဆောင်​ရွက်​ရန် ​အ​တိုင်​ပင်​ခံ​ပ​ညာ​ရှင်​များ​ခန့်​အပ်​နိုင်​ရေး​အ​တွက်​ပြင်​ဆင်​ပါ​သည်။ထို့​နောက်​ပ​ထ​မ​ဦး​ဆုံး​မြန်​မာ​နိုင်​ငံ​၏ ​အီး​အိုင်​တီ​အိုင်​အ​စီ​ရင်​ခံ​စာ​ကို​ရေး​သား​ထုတ်​ပြန်​ပာ​သည်။(၂၀၁၅​ခု​နှစ်​အ​တွင်း)​အမ်​အက်စ်​ဂျီ​နှင့်​အ​ဓိ​က​ဆက်​စပ်​ပတ်​သက်​သူ​များ​အ​နီး​ကပ်​လက်​တွဲ​ဆောင်​ရွက်​ခဲ့​ကြ​ပါ​သည်။
၂၀၁၄ ​ခု​နှစ် ​စက်​တင်​ဘာ​လ
မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​ညှိ​နှိုင်း​ဖေါ်​ဆောင်​ရေး​ရုံး​နှင့် ​မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်-​အမ်​အက်စ်​ဂျီ​တို့​က ​မြန်​မာ​နိုင်​ငံ ​ပွင့်​လင်း​မြင်​သာ​မှု​နှင့်​တာ​ဝန်​ယူ​မှု​အ​တွက်​မိတ်​ဖက်​အ​ဖွဲ့ (​အမ်​အေ​တီ​အေ)​နှင့် ​မြန်​မာ​နိုင်​ငံ​သ​တ္တု​တွင်း ​လုပ်​ငန်း​ရှင်​များ ​အ​သင်း​ချုပ် (​အမ်​အက်ဖ်​အမ်​အေ) ​တို့​နှင့်​လက်​တွဲး​ပူ​ပေါင်း​မှု​ဖြင့် ​က​ရင်​ပြည်​နယ်​တွင်​ဒေ​သ​ခံ ​အ​စိုး​ရ၊ ​ဒေ​သ​ခံ​ဘုတ် ​ဘက်​ဆိုင်​ရာ ​လူ​မှု​အ​ဖွဲ့​အ​စည်း​များ​ဒေ​သ​ခံ​ကု​မ္ပ​ဏီ​များ​နှင့် ​လက်​နက်​ကိုင်​တိုင်း​ရင်း​သား​အ​ဖွဲ့​များ​မှ ​ကိုယ်​စား​လှယ်​ခန့် ​မှန်း​ခြေ ၂၅၀ ​ဦး​အား​အ​သိ​ပေး​ဆွေး​နွေး​ပွဲ​တစ်​ခု​ကို​ကျင်း​ပ​ပြု​လုပ်​ခဲ့​ပါ​သည်။မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​ညှိ​နိုင်း​ဖော်​ဆောင်​ရေး​ရုံး​နှင့် ​မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်-​အမ်​အက်စ်​ဂျီ ​တို့​က ​အမ်​အေ​တီ​အေ​နှင့်​အမ်​အက်ဖ်​အမ်​အေ​တို့​နှင့်​လက်​တွဲ​ဆောင်​ရွက်​မှု​ဖြင့် ​မ​န္တ​လေး​တိုင်း​ဒေ​သ​ကြီး​ရှိ ​ဒေ​သ​ခံ​အ​စိုး​ရ၊ ​ဒေ​သ​ခံ​ကု​မ္ပ​ဏီ​များ​မှ ​ကိုယ်​စား​လှယ်​ခန့်​မှန်း​ခြေ ၂၅၀ ​ဦး​အား ​အ​သိ​ပေး​ဆွေး​နွေး​ပွဲ​တစ်​ခု​ကို​ကျင်း​ပ​ပြု​လုပ်​ပေး​ခဲ့​ပါ​သည်။
၂၀၁၄ ​ခု​နှစ် ​မေ​လ rS ​အောက်​တို​ဘာ​လ ​ထိ
မြန်​မာ​နိုင်​ငံ​တွင်​လုပ်​ကိုင်​နေ​ကြ​သော​တွင်း​ထွက်​သ​ယံ​ဇာ​တ​များ​တူး​ဖော်​ရေး​စက်​မှု​လုပ်​ငန်း​များ​၏​ဖွဲ့​စည်း​မှု​နှင့်​ဥ​ပ​ဒေ​စိုး​မိးု​မှု​ဆိုင်​ရာ​အ​ကဲ​ဖြတ်​စီ​စစ်​မှု ​မေ​လ​နှင့်​စက်​တင်​ဘာ​လ​အ​တွင်း​ဆောင်​ရွက်​မည့်​မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​နယ်​ပယ်​လေ့​လာ ​မှု​သို့ ​သ​တင်း​အ​ချက်​ပေး​နိုင်​ရန်​ဤ​အ​ကဲ​ဖြတ်​စီ​စစ်​မှု​ကို Adam Smith International u ​အမ်​အာရ်​အိုင်​မြန်​မာ ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​ညှိ​နိုင်း​ဖေါ်​ဆောင်​ရေး​ရုံး၊​က​မ္ဘော​ဇ​ဘဏ်​တို့​နှင့်​လက်​တွဲ​ဆောင်​ရွက်​ခဲ့​ပါ​သည်။အောက်​တို​ဘာ​လ​တွင် ​မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်-​အမ်​အက်စ်​ဂျီ​က ​အ​စီ​ရင်​ခံ​စာ​မူ​ကြမ်း​ကို​သုံး​သပ်​ရန်​နှင့်​သ​ဘော​ထား​မှတ်​ချက်​ပေး​နိုင်​ရန် ​အ​တွက် ​အ​စီ​ရင်​ခံ​စား​မူ​ကြမ်း​ကို​အ​ပြီး​သတ်​ရေး​သား​မည်​ဖြစ်​သည်။
၂၀၁၄ ​ခု​နှစ် ​အောက်​တို​ဘာ​လ ၁၄-၁၅ ​ရက်
နေ​ပြည်​တော်​၌ ​အီး​အိုင်​တီ​အိုင်​အ​ပြည်​ပြည်​ဆိုင်​ရာ​ဘုတ်​အ​ဖွဲ့​၏ ၂၈​ကြိမ်​မြောက်​အ​စည်း​အ​ဝေး​ကို​ကျင်း​ပ​ခဲ့​ပါ​သည်။
၂၀၁၄ ​ခု​နှစ် ​အောက်​တို​ဘာ​လ ၁၆​ရက်
နေ​ပြည်​တော်​၌​သ​ဘာဝ​သ​ယံ​ဇာ​တ​အ​ရင်း​အ​မြစ်​စီ​မံ​အုပ်​ချုပ်​မှု​ဆိုင်​ရာ ​အ​မျိုး​သား​အ​ဆင့်​ကွန်​ဖ​ရင့်(​ညီ​လာ​ခံ)​ကို ​ကျင်း​က​ပ​ခဲ့​ပါ​သည်။
၂၀၁၄ ​ခု​နှစ် ​အောက်​တို​ဘာ​လ (၂၈) ​ရက်
မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​ညှိ​နှိုင်း​ဖေါ်​ဆောင်​ရေး​ရုံး​နှင့်​မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်-​အမ်​အက်စ်​ဂျီ​တို့​က ​အမ်​အေ​တီ​အေ ​နှင့်​အမ်​အက်ဖ်​အမ်​အေ​တို့​နှင့် ​လက်​တွဲ​ဆောင်​ရွက်​မှု​ဖြင့်​က​ချင်​ပြည်​နယ်​ရှိ​ဒေ​သ​ခံ​ဆက်​စပ်​ပတ်​သက်​သူ​များ​အ​တွက်​အ​သိ ​ပေး​ဆွေး​နွေး​မှု​များ​ပြု​လုပ်​ခဲ့​ပါ​သည်။
၂၀၁၆ ​ခု​နှစ် ​ဇန်​န​ဝါ​ရီ​လ ၂​ရက်
ပ​ထ​မ​ဆုံး​မြန်​မာ​နိုင်​ငံ​အီး​အိုင်​တီ​အိုင်​အ​စီ​ရင်​ခံ​စာ ​ထုတ်​ပြန်​ရန်​အ​တွက်​သတ်​မှတ်​ရက်
၂၀၁၇ ​ခု​နှစ် ​ဇန်​န​ဝါ​ရီ​လ
မြန်​မာ​နိုင်​ငံ ​အီး​အိုင်​တီ​အိုင်​လုပ်​ငန်း​စဉ်​၏​ကြောင်း​ကျိုး​ညီ​ညွ​တှ်​မှု​အ​တွက်​ခိုင်​မာ​မှု​နှင့် ​အီး​အိုင်​တီ​အိုင်​လို​အပ်​ချက်​များ​နှင့် ​ကိုက်​ညီ​မှု​ကို ​လွမ်း​ခြုံ​အ​ကဲ​ဖြတ်​စိ​စစ်​မှု​ပြု​လုပ်​ခြင်း