LANGUAGE :

MEITI Coordination Office Candidacy Announcement (Burmease Version)

Mon, 08/31/2015 - 23:42 -- meiti_super_admin
Thursday, July 3, 2014 - 10:30
English

EITI အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်လာသော မြန်မာနိုင်ငံသည် သဘာဝသယံဇာတတူးဖော်ထုတ်လုပ်ခြင်း၊ ရရှိသောအခွန်ဘဏ္ဍာငွေနှင့် ဆက်စပ်သော သတင်းအချက်အလက်များကို နိုင်ငံတကာEITI  စံချိန်စံနှုန်းအတိုင်း
စနစ်တကျ ပွင့်လင်းမြင်သာစွာထုတ်ပြန်ကာ မြန်မာနိုင်ငံ၏ EITI အစီရင်ခံစာပြုစုရန်လိုအပ်ပါသည်။ထိုအစီရင်ခံစာတွင် တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်မှုနှင့် ဆက်စပ်သောကုမ္ပဏီများမှ အစိုးရသို့ပေးငွေ၊
အစိုးရမှ ရရှိသော အခွန်ငွေများ၊ ထုတ်လုပ်မှုပမာဏ၊ လုပ်ငန်းလုပ်ပိုင်ခွင့်နှင့် ဆက်စပ်သော သတင်းအချက်အလက်များပါဝင်ရမည်ဖြစ်ပါသည်။ အဖွဲ့ဝင်လောင်းဖြစ်လာသော မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး မြန်မာနိုင်ငံ၏ EITI အစီရင်ခံစာကို (၁၈)လအတွင်း ထုတ်ပြန်ရမည်ဖြစ်ပြီး စံချိန်မှီတင်းပြည့်အဖွဲ့ဝင်နိုင်ငံ(Compliant Country) ဖြစ်ရန်အတွက်EITI  စံနှုန်းများအားလုံးကို (၃)နှစ်အတွင်း ဖြည့်ဆည်းရမည်ဖြစ်သည်။