LANGUAGE :

EITI Factsheet(Burmease Version)

Mon, 08/31/2015 - 22:58 -- meiti_super_admin
Friday, August 16, 2013 - 14:00
English

EITI သည် ဝင်ငွေ ပွင့်လင်းမြင်သာရေးကို အားပေးသော ကမ္ဘာလုံးဆိုင်ရာ စံနှုန်းဖြစ်သည်။ ၎င်းမှာ နိုင်ငံအလိုက်ကုမ္ပဏီများက ပေးဆောင်ရသည့်အခွန်အခများနှင့် အစိုးရ မှရရှိသောဝင်ငွေတို့ကို စောင့်ကြည့်ရေး၊ တိုက်ဆိုင်ဖော်ပြပေးရေးနှင့် ပတ်သက်၍ တိကျခိုင်မာမှုရှိပြီးနိုင်ငံ၏ပကတိအခြေအနေအရ ပြောင်းလွယ်ပြင်လွယ်ရှိသော နည်းစနစ်
ဖြစ်ပါသည်။ နိုင်ငံအသီးသီးသည် မိမိ၏ကိုယ်ပိုင် EITI လုပ်ငန်းစဉ်ကို ချမှတ်ထားပြီး ဤလုပ်ငန်းစဉ်ကို အစိုးရ၊ ကုမ္ပဏီများ နှင့် အရပ်ဖက်အဖွဲ့အစည်းများရှိ ပုဂ္ဂိုလ်များက စောင့် ကြည့် ကြီးကြပ်ပါသည်။ နိုင်ငံတကာ EITI ဘုတ်အဖွဲ့နှင့်၊ နိုင်ငံတကာဆိုင်ရာ EITI အတွင်းရေးမှူးရုံးတို့သည် EITI နည်းစနစ်နှင့် ပတ်သက်၍ နိုင်ငံတကာဆိုင်ရာ စောင့်ကြည့် ကြီးကြပ်သူများ အဖြစ် တာဝန်ယူကြသည်။